Main menu

ဖြူးမြို့ရှိ သစ်သီးဈေးကွက်

Powered by Drupal

   တောင်ငူခရိုင်၊ ဖြူးမြို့၊ မြို့မဈေးကြီးအတွင်းရှိ သစ်သီးဆိုင်များတွင် ဒေသထွက်သစ်သီးများအပြင် အထက်အညာဒေနှင့် ရှမ်းပြည်နယ်တို့မှထွက်ရှိသော သစ်သီးများကို အများဆုံးရောင်းချလျက်ရှိရာ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ စတုတ္ထပတ်အတွင်း ဖရဲသီးနှင့် နာနတ်သီးမှာ ဈေးနှုန်းအနည်းငယ်ကျဆင်းလာခဲ့ပါသည်။

    ပန်းသီးမှာ အမျိုးအစားအလိုက် တစ်လုံးလျှင် ၈၀၀ကျပ်မှ ၃၀၀ ကျပ်အထိ၊ ပန်းသစ်တော်သီးမှာ တစ်လုံးလျှင် ၂၅၀၀ကျပ်၊ ဩဇာသီးမှာ တစ်လုံးလျှင် ၈၀၀ကျပ် မှ ၁၀၀၀ကျပ်အထိတို့ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

    ဖရဲသီးမှာ ယခင်အပတ်တွင် တစ်လုံးလျှင် ၁၅၀၀ကျပ်မှ ၃၅၀၀ကျပ်အထိ၊ နာနတ်သီးမှာ တစ်လုံးလျှင် ၁၅၀၀ကျပ်မှ ၂၅၀၀ကျပ်အထိရှိခဲ့ပြီး ယခုအပတ်တွင် ဖရဲသီးတစ်လုံးလျှင် ၁၅၀၀ကျပ်မှ ၂၅၀၀ကျပ်အထိနှင့် နာနတ်သီးမှာ တစ်လုံးလျှင် ၁၅၀၀ကျပ်မှ ၂၀၀၀ကျပ်အထိဖြင့် ဈေးနှုန်းကျဆင်းနေကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)