Main menu

မိတ္ထီလာခရိုင် ဝါသီးနှံ ရိတ်သိမ်းမှုနှင့် ဈေးကွက်အခြေအနေ

Powered by Drupal

          မိတ္ထီလာခရိုင်အတွင်း ဝါသီးနှံကို အများအပြားစိုက်ပျိုးပြီး အောက်တိုဘာလလယ်မှစ၍ ရိတ်သိမ်းခဲ့ကြောင်း စတင်ရိတ်သိမ်းရာ၌ အပင်ခြေရှိ ဝါပေါက်များကိုသာ ရိတ်သိမ်းကာ ၎င်းမှာ အရည်အသွေးနိမ့်သဖြင့် ဈေးနိမ့်လေ့ရှိ၍၊ တစ်ပိဿာ ၂၀၀၀ ကျပ် ဝန်းကျင်သာရရှိခဲ့ပါကြောင်း အောက်တိုဘာလ တတိယပတ်အတွင်း ဝါဈေးမှာ တစ်ပိဿာ ၂၅၀၀ ကျပ်ထိ ရရှိလာပါကြောင်း လုပ်သားခအနေဖြင့် ဝါကောက်လုပ်သားများအား တောင်သူမှ ဝါအထွက်မလှိုင်မီအချိန်တွင် နေ့စားခ တစ်ရက် ၆၀၀၀ ကျပ် ပေးချေပြီး လာမည့် နိုဝင်ဘာလဆန်းပိုင်းတွင် ဝါတစ်ပိဿာလျှင်  ၄၀၀ ကျပ်နှုန်း ဖြင့် ပေးချေသွားမည်ဖြစ်ကြောင်း သိရသည်။ ယခုနှစ်တွင်လည်း ယမန်နှစ်နည်းတူ ဝါပန်း၊အသီးပွင့်ဖူး ချိန်၌ မိုးများခဲ့သဖြင့် သီးနှံအတွက် ထိခိုက်မှုအနည်းငယ်ရှိသော်လည်း ဝါဈေးကောင်းမည်ဆိုပါက တောင်သူများအတွက် အကျိုးအမြတ်ရနိုင်မည်ဟု မျှော်လင့်ကြောင်း သိရသည်။

DOCA(မန္တလေး)