Main menu

မန္တလေးစျေးကွက်အတွင်းလှိုင်လှိုင်ဝင်ရောက်လာသည့်ဆောင်းပုရစ်

Powered by Drupal

          မန္တလေးစျေးကွက်အတွင်းသို့   သီတင်းကျွတ်လဆန်းမှစ၍   ဆောင်းပုရစ်များ လှိုင်လှိုင်ဝင်ရောက်လာကြောင်း သိရသည်။  မန္တလေးစျေးချိုအနီး ရေကြည်စျေးတန်းတွင် ပုရစ်များအား အဓိကရောင်းချလျက်ရှိရာ ထီးချိုင့်၊ ကသာ၊ ရွှေကူ၊ ဗန်းမော်၊ အင်းတော်‌‌ဒေသများနှင့် မန္တလေးတိုင်းအတွင်း မတ္တရာဆည်တော်ကြီးနှင့်ပုသိမ်ကြီးဆည်တော်လေးဒေသများမှ ထွက်ရှိသည့်ပုရစ်များယခုရက်ပိုင်း အတွင်း ဝင်ရောက်လျက်ရှိကြောင်း သိရသည်။ ပုရစ်ဝင်ရောက်မှုအနေဖြင့် တစ်ရက်လျှင်(ကောင်ရေ ၂၀၀ ထည့်ထားသည့်အထုပ်  ၅၀ ပါ) ရေခဲရိုက် ဖော့ဖာအကြီး  ၅၀ ဖာနှင့် ၁၀၀ ဖာ အကြားနေ့စဉ် ဝင်ရောက်လျက်ရှိကြောင်း သိရသည်။ ဆောင်းပုရစ်မှာ သီတင်းကျွတ်လ နှင့် တန်ဆောင်းမုန်းလများ တွင် အဝင်များပြီး၊စျေးနှုန်းအနေဖြင့် ပုရစ်အထီးကောင်ရေ (၁၀၀) လျှင်  ၈၀၀၀ကျပ်နှင့် ၁၀၀၀၀ ကျပ်၊ ပုရစ်အမ  ၁၂၀၀၀ ကျပ်နှင့် ၁၄၀၀၀ ကျပ်စျေးအသီးသီးဖြစ်ပေါ်လျက်ရှိကြောင်း၊  ဆောင်းပုရစ်အမများမှာ ဥသားအပြည့်ပါခြင်းတို့ကြောင့် စားသုံးသူများအနေဖြင့် ပိုမိုကြိုက် နှစ်သက်ကြောင်း သိရသည်။ မိုးပုရစ်များအနေဖြင့် ကဆုန်လနှင့်နယုန်လများတွင် ဝင်ရောက်လေ့ရှိပြီး၊ မိုးပုရစ်စျေးနှုန်း အနေဖြင့် ပုရစ်ကောင်ရေ ၁၀၀ လျှင် စျေးနှုန်း ၆၀၀၀ ကျပ်နှင့် ၈၀၀၀ ကျပ်၊ အမစျေးမှာ  ၈၀၀၀ ကျပ် နှင့် ၁၀၀၀၀ ကျပ်စျေးဖြင့် ရောင်းချကြောင်းသိရသည်။  မန္တလေးစျေးကွက်သို့  ဝင်ရောက်လာသော ပုရစ်များအနေဖြင့် လတ်ဆတ်မှုအပေါ် မူတည်၍ စျေး အနည်းငယ်ပြောင်းလဲမှုရှိကြောင်း၊ ရာသီစာဆောင်းပုရစ်အား  ကြက်သွန်ဖြူ၊ ဂျင်း၊ငရုတ်၊ ပျဉ်းတော်သိမ်ရွက်တို့နှင့်ရောနှော၍ကြော်ထား သည့်ပုရစ်ကြော်များအား အသင့်စားဗူးများဖြင့် ထည့်သွင်းကာရပ်ဝေးရပ်နီးသို့ ပေးပို့ ရောင်းချလျက် ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)