Main menu

မိုခါဆိုင်ကလုန်းမုန်တိုင်း ‌ဘေးသင့်ပြည်သူများအတွက် ဆန်များတင်ပို့

Powered by Drupal

      ၂၀၂၃ခုနှစ်၊ မေလအတွင်းဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ်၊ မိုခါဆိုင်ကလုန်းမုန်းတိုင်း သဘာဝဘေးအန္တရာယ်ကျရောက်သည့်ဒေသများ၌ ထိရောက်သည့်ပံ့ပိုးမှုများပေးနိုင်ရန်အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှတစ်ဆင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှဝယ်ယူခဲ့သည့် ကုမ္ပဏီ (9) ခု၏ ဆန်အိတ် (19593) ကို ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်အောင်ကျော်ဆိပ်ကမ်းတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနပိုင် MV-CHARITY ရေယာဉ်ဖြင့်တင်ပို့နိုင်‌ရေး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့ပူးပေါင်း၍ ကြီးကြပ်ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ကျဝန်ထမ်းများသည် (၂၀-၁၀-၂၀၂၃) ရက်နေ့မှ (၂၂-၁၀-၂၀၂၃) ရက်နေ့အထိ ဆန်တင်ပို့ခြင်းလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)