Main menu

ကန့်ဘလူခရိုင်၏ အောက်တိုဘာလ စတုတ္ထပတ် ဆန်စီးထွက်နှင့် ဈေးနှုန်း/ ဈေးကွက်အခြေအနေ

Powered by Drupal

   “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် မျှော်မှန်းချက်နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် သီးနှံဈေးနှုန်း၊ ဈေးကွက်နှင့် စီးဝင်/စီးထွက်မှုအခြေအနေများကို စာရင်းကောက်ယူလျက်ရှိရာ ကန့်ဘလူခရိုင်အတွင်း  ဆန်စီးဝင်/ စီးထွက်အခြေအနေများကိုဖော်ပြလိုက်ရပါသည်။

     ကန့်ဘလူခရိုင်အနေဖြင့် ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ စတုတ္ထပတ်အတွင်းဖြစ်ပေါ်ခဲ့သော စပါး၊ ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း စပါးတင်း(၁၀၀)လျှင် ကျပ်၃၄၀၀၀၀၀၊ ဧရာမင်း စပါးတင်း (၁၀၀)လျှင် ကျပ်၃၀၀၀၀၀၀နှင့် နွေစပါး ရွှေဝါထွန်းစပါးတင်း(၁၀၀)လျှင် ကျပ်၁၆၈၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန်(၂၄)ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၂၂၀၀၀၊ ဧရာမင်းဆန်(၂၄)ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၂၇၀၀၀နှင့် ရွှေဝါထွန်းဆန်(၂၄)ပြည်ပါ တစ်အိတ်လျှင် ကျပ်၆၈၀၀၀ဖြစ်ပြီး  ကန့်ဘလူခရိုင်မှ အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ဆန်စီးထွက်မှုမှာ  မန္တလေးတိုင်းသို့ အိတ်ရေ ၅၀၀အိတ်၊ ကချင်ပြည်နယ်သို့ အိတ်ရေ ၅၀၀အိတ် စုစုပေါင်းအိတ်ရေ ၁၀၀၀အိတ်၊ တန်အားဖြင့် (၅၀)တန်စီးထွက်ခဲ့ကြောင်း ဒေသခံဆန်စက်လုပ်ငန်းရှင်နှင့်ချိတ်ဆက်မေးမြန်းမှုအရ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)