Main menu

ကန့်ဘလူမြို့၌ ဌာနဆိုင်ရာဝန်ထမ်းများအား စားအုန်းဆီများ ဈေးနှုန်းသက်သာစွာရောင်းချ

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူခရိုင်စုပေါင်းရုံး၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၂၈ရက်နေ့၊ နံနက် (၀၈:၀၀) နာရီအချိန်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးရွှေအောင်ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများကကြီးကြပ်၍ ဌာနဆိုင်ရာဝန်ထမ်းများအား စားအုန်းဆီများကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာရောင်းချပေးခဲ့ကြောင်းသိရသည်။

   ထိုသို့စားအုန်းဆီများရောင်းချပေးရာတွင် ဌာနဆိုင်ရာဝန်ထမ်းများ သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများဝယ်ယူရရှိစေရန်အလို့ငှာ  လူတစ်ဦးလျှင် (၁)ပိဿာကို ၅၂၀၀ကျပ်ဖြင့်ရောင်းချပေးခဲ့ပြီး လူဦးရေ ၁၃၂၀ဦးအတွက် စားအုန်းဆီ ၁၃၂၀ပိဿာရောင်းချပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)