
မုံရွာခရိုင်အတွင်းရှိ စားသုံးသူပြည်သူများ စားသုံးဆီပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းချိုသာ၍ အရေအတွက်၊ အလေးချိန်နှင့် အရည်အသွေးပြည့်ဝမှန်ကန်စွာရရှိနိုင်ရေးအတွက် စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာနိုင်ငံဆီကုန်သည်များနှင့်ဆီလုပ်ငန်းရှင်များအသင်း၊ မုံရွာခရိုင်၊ စားသုံးဆီကုန်သည်များနှင့် စားသုံးဆီလုပ်ငန်းရှင်များအသင်းတို့ပူးပေါင်း၍ စားအုန်းဆီများဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်းသိရသည်၊၊
စားအုန်းဆီများရောင်းချရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ပေးလျက်ရှိသော စားအုန်းဆီတစ်ပိဿာရည်ညွှန်းဈေးအပေါ်အခြေခံ၍ သယ်ယူပို့ဆောင်ခအပါ ကုန်ကျစရိတ်တွင် အမြတ် ၂ရာခိုင်နှုန်းတွက်ချက်၍ ရောင်းချပေးခြင်းဖြစ်ပြီး လူတစ်ဦးလျှင် ၁ပိဿာနှုန်းရောင်းချပေးကြောင်းသိရသည်။
မုံရွာခရိုင်အတွင်း (၂-၁၀-၂၀၂၃) ရက်နေ့မှ (၁၄-၁၀-၂၀၂၃) ရက်နေ့အထိ စားအုန်းဆီပိဿာချိန် (၃၈၅၀၀) ပိဿာခန့်ကို တစ်ပိဿာလျှင် ၄၈၀၀ကျပ်ဖြင့်လည်းကောင်း၊ (၁၅-၁၀-၂၀၂၃) ရက်နေ့မှ (၂၁-၁၀-၂၀၂၃) ရက်နေ့အထိ စားအုန်းဆီပိဿာချိန် (၁၉၂၅၀) ပိဿာခန့်ကို တစ်ပိဿာလျှင် ၄၇၀၀ကျပ်ဖြင့်လည်းကောင်း၊ (၂၂-၁၀-၂၀၂၃) ရက်နေ့မှ (၂၈-၁၀-၂၀၂၃) ရက်နေ့အထိ စားအုန်းဆီပိဿာချိန် (၁၉၂၅၀) ပိဿာခန့်ကို တစ်ပိဿာလျှင် ၅၂၀၀ကျပ်ဖြင့်လည်းကောင်း၊ (၂၉-၁၀-၂၀၂၃) ရက်နေ့မှ (၃၁-၁၀-၂၀၂၃) ရက်နေ့အထိ စားအုန်းဆီပိဿာချိန် (၃၈၅၀) ပိဿာခန့်ကို တစ်ပိဿာလျှင် ၅၀၀၀ကျပ်ဖြင့်လည်းကောင်း၊ စုစုပေါင်းပိဿာချိန် (၈၀၈၅၀) ပိဿာခန့်ကို လူစည်ကားရာရပ်ကွက်များ၊ ဈေးများအပြင် ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ မြို့စွန်ရပ်ကွက်များသို့ပါ ဈေးကားများဖြင့် လှည့်လည်ရောင်းချလျက်ရှိကြောင်း မုံရွာခရိုင်၊ စားသုံးဆီကုန်သည်များနှင့် စားသုံးဆီလုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)