Main menu

ကျောက်တော်ကြီးဘုရားပွဲဈေးမှ သင်ဖြူးဖျာဈေးကွက်

Powered by Drupal

   ကိုဗစ် (၁၉) ကပ်ရောဂါများကြောင့် (၂) နှစ်ကျော်ကြာ မကျင်းပနိုင်ခဲ့သည့် ကျောက်တော်ကြီးဘုရားပွဲတော်ကို ယခုနှစ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ရာ ယခုအခါ ပွဲဈေး လာရောက်ရောင်းချသူများနှင့် စည်ကားနေပြီဖြစ်ပါသည်။ ဘုရားပွဲတော်သို့ လာရောက်ရောင်းချသည့် ဘုရားပွဲဈေးသည်များမှာ မြန်မာမုန့်စုံများ၊ ကလေးကစားစရာအရုပ်ဆိုင်များ၊ လူသုံးကုန် ပစ္စည်းဆိုင်များ၊ အကြော်စုံဆိုင်များအပြင် သင်ဖြူးဖျာဆိုင်များလည်း ပါဝင်သည်။ သင်ဖြူးဖျာဆိုင်များကို ကျောက်တော်ကြီးဘုရားပွဲ မကျင်းပဖြစ်သည့်နှစ်များမှလွဲ၍ နှစ်စဉ်လာရောက်ရောင်းချ      ကြောင်း သိရှိရပြီး ယခုနှစ်တွင်  ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့မှ လာရောက်ရောင်းချသည့်ဆိုင် (၂) ဆိုင်နှင့် မန္တလေးမှရောင်းချသည့် ဆိုင်(၂)ဆိုင် စုစုပေါင်း (၄) ဆိုင်ဖွင့်လှစ်ကြောင်း သိရှိရသည်။ သင်ဖြူးဖျာဆိုင်များတွင် ထန်းချောဖျာများ၊ သင်ဖြူးဖျာအချော၊ အကြမ်းများကို ဆိုဒ်အမျိုးအစားစုံလင်စွာဖြင့် ရောင်းချနေပြီး ဆိုဒ်အကြီးအသေးပေါ်မူတည်၍ ၁၅၀၀၀ ကျပ်မှ ၆၀၀၀၀ ကျပ်ထိရောင်းချကြောင်း သိရှိရပြီး ပွဲတော်ရက်မှသင်ဖြူးဖျာများ ဝယ်ယူစုဆောင်းသော ဒေသခံများ ၊ ဘုရားဖူးဧည့်သည်များကြောင့် အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)