Main menu

ကန့်ဘလူ၊ ကျွန်းလှမြို့တို့၌ နိုဝင်ဘာလ ပထမပတ်တွင်ရောင်းချနေသော အခြေခံစားကုန်များ၏ဈေးနှုန်းအခြေအနေ

Powered by Drupal

     ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်အတွင်း ကန့်ဘလူ၊ ကျွန်းလှမြို့တို့တွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းတစ်ပြည်လျှင် (၅၂၀၀)ကျပ်၊ ဧရာမင်းတစ်ပြည်လျှင် (၅၅၀၀)ကျပ်ဖြင့်တည်ငြိမ်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ကြက်သွန်နီ လက်လီဈေးမှာ အကြီး/အသေးပါ်မူတည်၍ တစ်ပိဿာလျှင် (၃၀၀၀/၃၅၀၀)ကျပ်၊ ကြက်သွန်ဖြူ လက်လီဈေးမှာ(ဗမာ) အလုံးကြီးတစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ အလုံးသေးတစ်ပိဿာလျှင် (၉၀၀၀)ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်၊ ချင်းတစ်ပိဿာလျှင် (၆၀၀၀) ကျပ်၊ ငရုတ်သီးခြောက်တစ်ပိဿာလျှင် (၁၈၀၀၀)ကျပ်၊ အာလူးတစ်ပိဿာလျှင် အသေး/အကြီး အမျိုးအစားအလိုက် တစ်ပိဿာလျှင် (၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

     ငရုတ်သီးစိမ်းတစ်ပိဿာလျှင် (၄၀၀၀)ကျပ်၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် အကြီး/ အသေးပေါ်မူတည်ပြီး (၂၀၀၀/၂၂၀၀)ကျပ်၊ ခရမ်းသီးတစ်ပိဿာလျှင် (၂၀၀၀) ကျပ်၊ ပန်းဂေါ်ဖီတစ်ပွင့်လျှင်  (၂၅၀၀) ကျပ်၊ ဂေါ်ဖီထုပ်တစ်ထုပ်လျှင် (၂၀၀၀) ကျပ်၊ ခါကြက်ဥ(တရုတ်) တစ်ပိဿာလျှင် (၅၀၀၀)ကျပ်၊ ခါကြက်ဥ (ဗမာ) တစ်ပိဿာလျှင် (၃၅၀၀)ကျပ်၊ သံပရာသီးတစ်လုံးလျှင် (၅၀) ကျပ်မှ (၁၀၀) ကျပ်အထိ၊ ကန်စွန်းရွက်တစ်စည်းလျှင် (၁၅၀) ကျပ်၊ ပဲတောင့်ရှည်တစ်စည်းလျှင် (၃၀၀)ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။

    ကြက်ဥ လက်လီဈေးနှုန်းမှာ (အကြီး)တစ်လုံးလျှင် (၂၇၀)ကျပ်၊ (အသေး)တစ်လုံးလျှင် (၂၆၀) ကျပ်၊ ဘဲဥတစ်လုံးလျှင် (၃၀၀)ကျပ်ရှိသည်။  ကန့်ဘလူ၊ ကျွန်းလှမြို့တို့၏ အသားငါးဈေးနှုန်းများမှာ ကြက်သား(cp)တစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်၊ ကြက်သား(ဗမာ)တစ်ပိဿာလျှင် (၁၂၅၀၀)ကျပ် ၊ ဝက်သားတစ်ပိဿာလျှင် (၁၆၀၀၀) ကျပ်၊ အမဲသားတစ်ပိဿာလျှင် (၁၃၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းတွေ့ရှိရပါသည်။ ငါးကြင်းအကောင်လိုက်တစ်ပိဿာလျှင် (၉၀၀၀) ကျပ်၊ ငါးကြင်းခုတ်သားဈေးမှာ တစ်ပိဿာလျှင်  (၁၆၀၀၀) ကျပ်၊ တီလားဗီးယားငါးအသေးတစ်ပိဿာလျှင် (၄၈၀၀)ကျပ်၊ အကြီးတစ်ပိသာလျှင် (၇၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

     စားသုံးဆီဈေးနှုန်းမှာ မြေပဲဆီသန့်တစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်၊ စားအုန်းဆီတစ်ပိဿာလျှင် (၅၂၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရသည်။

    နိုဝင်ဘာလ ပထမပတ်အတွင်း အခြေခံစားကုန်ဈေးနှုန်းများကို ယခင်အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ကြည့်လျှင် အခြားအခြေခံစားကုန်ဈေးနှုန်းများမှာ ကွာဟမှုမရှိကြောင်းနှင့် ကြက်သွန်နီ/ ကြက်သွန်ဖြူ/ အာလူးဈေးများ အနည်းငယ်မြင့်တက်ကာ အသားဈေးများအနည်းငယ်လျော့ကျပြီး ငါးဈေးနှန်းများမှာ တည်ငြိမ်လျက်ရှိနေကြောင်း ကန့်ဘလူမြို့မဈေးအတွင်း ဈေးရောင်းချသူများထံမှသိရှိရပါ သည်။

DOCA(စစ်ကိုင်း)