Main menu

တောင်ငူမြို့ ညောင်ပင်ဈေးတွင် အာဒါလွတ်ဥနှင့် ထန်းမြစ်များပေါ်ပြီ

Powered by Drupal

    တောင်ငူမြို့ညောင်ပင်ဈေးတွင် အာဒါလွတ်ဥနှင့် ထန်းမြစ်များ  စတင်ရောင်းနေပြီ ဖြစ်ပါသည်။ မြန်မာလူမျိုးတို့သည် အာဒါလွတ်ဥနှင့် ထန်းမြစ်များကို ပြုတ်၍ ဆီဆမ်းကာ သရေစာအဖြစ် စားသုံးကြပါသည်။

       အာဒါလွတ်ဥနှင့် ထန်းမြစ် ဈေးနှုန်းများအနေဖြင့် အာဒါလွတ်ဥ တစ်ပိဿာလျှင် ၁၅၀၀ ကျပ်နှင့် ထန်းမြစ် အချောင်းလေး (၁၀) ချောင်းပါ တစ်စည်းလျှင် ၈၀၀ ကျပ်၊ နှစ်စည်းလျှင် (၁၅၀၀) ကျပ်ဖြင့် ရောင်းချပေးလျက်ရှိပါသည်။

    အာဒါလွတ်ဥနှင့် ထန်းမြစ်များအား လက်တွန်းလှည်းများဖြင့် မြို့အနှံ့ ရပ်ကွက်များတွင် လှည့်လည်ရောင်းချခြင်း၊ ကျောင်းမုန့်ဈေးတန်းများတွင် ရောင်းချခြင်းနှင့် အိမ်ရှင်မများမှ သရေစာအဖြစ်စားသုံးရန် ဝယ်ယူကြကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)