တောင်ငူမြို့တွင် အောက်တိုဘာလ စတုတ္ထပတ်တွင် ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ၁၅၅၀၀၀ ကျပ်၊ ဖျာပုံပေါ်ဆန်းမှာ တစ်အိတ်လျှင် ၁၂၀၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး ဒေသပေါ်ဆန်းမှာ အောက်တိုဘာ တတိယပတ်က တစ်အိတ်လျှင် ၁၀၃၀၀၀ ကျပ် ရှိရာမှ ယခုအောက်တိုဘာ စတုတ္ထပတ်တွင် တစ်အိတ်လျှင် ၁၀၀၀၀၀ ကျပ်ဖြင့် ဈေးနှုန်း အနည်းငယ်ကျဆင်းပါသည်။ ဧည့်မထဆန်သစ်မှာ ယခင်အောက်တိုဘာ တတိယပတ်က တစ်အိတ်လျှင် ၅၆၀၀၀ ကျပ်မှ ၅၈၀၀၀ ကျပ် ရှိရာမှ ယခုအောက်တိုဘာ စတုတ္ထပတ်တွင် တစ်အိတ်လျှင် ၅၇၀၀၀ ကျပ်မှ ၆၀၀၀၀ ကျပ်အထိဖြင့် ဈေးနှုန်းအနည်းငယ်တက်ပါသည်။
စပါးအဟောင်း လက်ကျန်မရှိတော့ဘဲ စပါးအသစ်မှာ ယခင် အောက်တိုဘာ တတိယ ပတ်က တင်း ၁၀၀ လျှင် ၁၆၀၀၀၀၀ ကျပ်ရှိရာမှ ယခုအောက်တိုဘာ စတုတ္ထပတ်တွင် တင်း ၁၀၀ လျှင် ၁၅၅၀၀၀၀ ကျပ်၊ ဆန်ကွဲကြီးမှာ ယခင်အောက်တိုဘာ တတိယပတ်က တစ်အိတ်လျှင် ၅၀၀၀၀ ကျပ်ရှိရာမှ ယခုအောက်တိုဘာ စတုတ္ထပတ်တွင် တစ်အိတ်လျှင် ၄၄၀၀၀ ကျပ်၊ ဆန်ကွဲသေးမှာ ယခင်အောက်တိုဘာ တတိယပတ်က တစ်အိတ်လျှင် ၄၃၀၀၀ ကျပ်ရှိရာမှ ယခုအောက်တိုဘာ စတုတ္ထပတ်တွင် တစ်အိတ်လျှင် ၄၁၀၀၀ ကျပ်ဖြင့် ဈေးနှုန်းကျဆင်းပြီး ဖွဲနုမှာ တစ်အိတ်လျှင် ၂၆၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။
မတ်ပဲ(၃၀ ပိဿာအိတ်)မှာ တစ်အိတ်လျှင် ၁၂၈၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေကြောင်းနှင့် ပဲလွန်းဖြူနှင့် ပဲတီစိမ်းမှာ အရောင်းအဝယ်မရှိကြောင်း သိရပါသည်။
DOCA(ပဲခူး)