Main menu

ဖြူးမြို့တွင် ကြက်သွန်နီ၊ အာလူးနှင့် မြေပဲဆံဈေးအနည်းငယ်တက်

Powered by Drupal

     တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် မြေပဲဆီမှာ ယခင်အောက်တိုဘာ တတိယပတ်က တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်ရှိရှာမှ ယခုအောက်တိုဘာ စတုတ္ထပတ်တွင် တစ်ပိဿာလျှင် ၁၄၀၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းပြီး စားအုန်းဆီမှာ တစ်ပိဿာလျှင် ၅၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိပါသည်။

     ကြက်သွန်နီမှာ ယခင်အောက်တိုဘာ တတိယပတ်က တစ်ပိဿာလျှင် အသေး ၂၈၀၀ ကျပ်၊ အလတ် ၃၂၀၀ ကျပ်၊ အကြီး ၃၄၀၀ ကျပ်ရှိရာမှ ယခုအောက်တိုဘာ စတုတ္ထပတ်တွင် တစ်ပိဿာလျှင် အသေး ၃၀၀၀ ကျပ်၊ အလတ် ၃၃၀၀ ကျပ်၊ အကြီး ၃၅၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်တက်ပြီး ကြက်သွန်ဖြူမှာ တစ်ပိဿာလျှင် အသေး ၇၀၀၀ ကျပ်၊ အလတ် ၈၀၀၀ ကျပ်၊ အကြီး ၉၀၀၀ ကျပ်အထိဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

  အာလူးမှာ တစ်ပိဿာလျှင် အသေး ၂၀၀၀ ကျပ်၊ အလတ် ၂၂၀၀ ကျပ်နှင့် အကြီး ၂၅၀၀ ကျပ်၊ ငရုတ်သီးခြောက်မှာ ယခင်အောက်တိုဘာ တတိယပတ်က တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်မှ ၁၄၀၀၀ ကျပ်ရှိရာမှ ယခုအောက်တိုဘာ စတုတ္ထပတ်တွင် တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်မှ ၁၇၀၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်တက်ပါသည်။ 

  ကုလားပဲခြမ်းမှာ  တစ်ပိဿာလျှင် ၆၂၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး ကုလားပဲလုံးမှာ ယခင်အောက်တိုဘာ တတိယပတ်က တစ်ပိဿာလျှင် ၄၈၀၀ ကျပ်ရှိရာမှ ယခုအောက်တိုဘာ စတုတ္ထပတ်တွင် တစ်ပိဿာလျှင် ၄၂၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းပါသည်။ မြေပဲဆံ(အနီ)မှာ ယခင်အောက်တိုဘာ တတိယပတ်က တစ်ပိဿာလျှင် ၈၂၀၀ ကျပ်ရှိရာမှ ယခုအောက်တိုဘာ စတုတ္ထပတ်တွင် တစ်ပိဿာလျှင် ၈၅၀၀ ကျပ်၊ မြေပဲဆံ(အဖြူ)မှာ ယခင်အောက်တိုဘာ တတိယပတ်က တစ်ပိဿာလျှင် ၇၅၀၀ ကျပ်ရှိရာမှ ယခုအောက်တိုဘာ စတုတ္ထပတ်တွင် တစ်ပိဿာလျှင် ၇၈၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်တက်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)