Main menu

တောင်ငူမြို့တွင် ဘိလပ်မြေဈေးအနည်းငယ်ကျ

Powered by Drupal

     တောင်ငူမြို့တွင် ယခုလအစောပိုင်းက ဘိလပ်မြေတစ်အိတ်ဈေးနှုန်းမှာ ကြံ့နှစ်ကောင် (အနီ) ၈၇၀၀ ကျပ်၊ ကြံ့နှစ်ကောင်(အစိမ်း) ၈၅၀၀ ကျပ်၊ ထိုင်းဆင် ၈၆၀၀ ကျပ်၊ Alpha ၈၄၀၀ ကျပ်၊ Apache ၈၃၀၀ ကျပ်၊ Rhino ၈၃၀၀ ကျပ်၊ Max ၈၀၀၀ ကျပ် ရှိပါသည်။

   ယခုလ လကုန်ပိုင်းတွင် ဘိလပ်မြေတစ်အိတ်ဈေးနှုန်းမှာ ကြံ့နှစ်ကောင် (အနီ) ၈၆၀၀ ကျပ်၊ ကြံ့နှစ်ကောင်(အစိမ်း) ၈၄၀၀ ကျပ်၊ ထိုင်းဆင် ၈၅၀၀ ကျပ်၊ Alpha ၈၃၀၀ ကျပ်၊ Apache ၈၂၀၀ ကျပ်၊ Rhino ၈၁၀၀ ကျပ်၊ Max ၇၉၀၀ ကျပ် ရှိပါသည်။

  သို့ဖြစ်ပါ၍ Rhino အမှတ်တံဆိပ်ဘိလပ်မြေမှာ တစ်အိတ်လျှင် ၂၀၀ ကျပ် ဈေးနှုန်းကျဆင်းပြီး အခြားဘိလပ်မြေတံဆိပ်များမှာ တစ်လအတွင်း ၁၀၀ ကျပ်ခန့်ဈေးကျကြောင်း၊ ငါးမူးလုံး သံချောင်းမှာ တစ်တန်လျှင် ၁၇၀၀၀၀၀ ကျပ်ဖြင့် ယခင်လကအတိုင်း ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)