
တောင်ငူမြို့တွင် ယူရီးယားလုံးကြီး ဓါတ်မြေဩဇာများဖြစ်သော နေရွက်လှေတံဆိပ်မှာ တစ်အိတ်လျှင် ၇၇၀၀၀ ကျပ်၊ Good Luck တံဆိပ်မှာ ၇၈၀၀၀ ကျပ်၊ Rainbow တံဆိပ်မှာ ၈၁၀၀၀ ကျပ်၊ ရွှေကောမတ် 10:20:20 ကွန်ပေါင်းဓါတ်မြေဩဇာမှာ တစ်အိတ်လျှင် ၆၈၀၀၀ ကျပ်၊ 15:15:15 ကွန်ပေါင်းဓါတ်မြေဩဇာမှာ တစ်အိတ်လျှင် ၁၁၅၀၀၀ ကျပ်၊ Flat Plus (Farm Lieknd) ပိုးသတ်ဆေးမှာ တစ်လီတာလျှင် ၄၆၅၀၀ ကျပ် အသီးသီးရှိပြီး ဈေးနှုန်းတည်ငြိမ်လျက်ရှိပါသည်။.
ယခင်မိုးစပါး စိုက်ပျိုးစဉ်ကာလက မြင်းပျံ၊ CP, MC, အာမို၊ ဩဘာ စသည့် ဓါတ်မြေဩဇာ များမှာ အရောင်းသွက်ခဲ့ပါသည်။ ယခုအခါ မိုးစပါးစိုက်ပျိုးပြီးစီးပြီးဖြစ်သဖြင့် ၎င်းမြေဩဇာများမှာ ဝယ်ယူမှုမရှိသလောက် ဖြစ်နေပြီး ဓါတ်မြေဩဇာအရောင်းဆိုင်များက ဝယ်ယူသိုလှောင်ခြင်း မရှိသောကြောင့် ပစ္စည်းပြတ်လပ်နေကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)