Main menu

အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ရောင်းချလျက်ရှိသော အခြေခံစားကုန်ဈေးနှုန်းများ

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေးတွင် မြို့အနီးရှိကျေးရွာများဖြစ်သော ပန်းတော်ပြင်ကျေးရွာ၊ ဥယျာဉ်ကျေးရွာ၊ မယ်ဇလီတောကျေးရွာ၊ ‌‌ညောင်ပင်သာကျေးရွာ၊ ရွာတော်ကျေးရွာတို့မှထွက်ရှိသော ဟင်းသီးဟင်းရွက်များအပါအဝင် မိကျောင်းရဲမြို့၊ တောင်တွင်းကြီးမြို့၊ သရက်မြို့၊ ပွင့်ဖြူမြို့၊ ရန်ကုန်မြို့၊ မင်းဘူးမြို့နှင့် မကွေးမြို့တို့မှ ကုန်စည်များကိုမှာယူ၍ ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။

  ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ (စတုတ္ထပတ်) တွင် မင်းလှမြို့၊ ဇေယျာသီရိဈေး၌ရောင်းချလျက်ရှိသော အခြေခံစားကုန်များ၏ဈေးနှုန်းများမှာ ဇီယာဆန် (၁) ပြည်လျှင် ကျပ် (၃၅၀၀)၊ ‌ပေါ်ဆန်း (ဖျာပုံ) (၁) ပြည်လျှင် ကျပ် (၅၀၀၀)၊ ပေါ်ဆန်း (ရွှေဘို) (၁) ပြည်လျှင် ကျပ် (၇၀၀၀)၊ ဧရာပဒေသာ (၁) ပြည်လျှင် ကျပ် (၆၀၀၀)၊ နှမ်းဆီ (၁) ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ ပဲဆီ (၁) ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ မျှင်ငါးပိ (၁) ပိဿာလျှင် ကျပ် (၆၀၀)၊ ကြက်သွန်နီ (၁) ပိဿာလျှင် ကျပ် (၃၅၀၀)၊ ကြက်သွန်ဖြူ (ရှမ်း) (၁) ပိဿာလျှင် ကျပ် (၈၀၀၀)၊ ကြက်သွန်ဖြူ (ဗမာ) (၁) ပိဿာလျှင် ကျပ် (၁၀၀၀၀)၊ ငရုတ်သီးခြောက် (ရှည်)(၁) ပိဿာလျှင် ကျပ်(၂၀၀၀၀)၊ ချင်းတက်(၁)(၁)ပိဿာလျှင် ကျပ်(၁၀၀၀၀)၊ နနွင်းတက် (၁) ပိဿာလျှင် ကျပ်(၁၀၀၀၀)၊ ပုစွန်ခြောက်(၁)ပိဿာလျှင် ကျပ်(၇၀၀၀၀ - ၉၀၀၀၀)၊ အာဗြဲခြောက် (၁) ပိဿာလျှင် ကျပ် (၃၀၀၀၀)၊ အိမ်သုံးဆား (၁) ပိဿာလျှင် ကျပ် (၇၀၀)၊ ငရုတ်သီးစိမ်း (၁) ပိဿာလျှင် ကျပ် (၁၆၀၀၀)၊ ခရမ်းချဉ်သီး (၁) ပိဿာလျှင် ကျပ် (၁၆၀၀-၁၈၀၀)၊ ခရမ်းသီး (၁) ပိဿာလျှင် ကျပ် (၄၀၀၀)၊ ပဲသီး (၁) ပိဿာလျှင် ကျပ် (၄၀၀၀)၊ အာလူး (၁) ပိဿာလျှင် ကျပ် (၂၆၀၀)၊ မုန်လာဥနီ (၁) ပိဿာလျှင် ကျပ် (၅၀၀၀)၊ မုန်ညှင်း (၁) ပိဿာလျှင် ကျပ် (၅၀၀၀)၊ ရုံးပတီသီး (၁၀) တောင့်လျှင် ကျပ် (၂၀၀)၊ ပန်းဂေါ်ဖီ (၁) ပွင့်လျှင် ကျပ် (၁၅၀၀)၊ ဂေါ်ဖီထုပ် (၁) ထုပ်လျှင် ကျပ် (၁၂၀၀)၊ ‌ဂေါ်ရခါးသီး (၄) လုံးလျှင် ကျပ် (၁၀၀၀)၊ ချဉ်‌ပေါင်ရွက် (၁) စည်းလျှင် ကျပ် (၅၀)၊ ကန်စွန်းရွက် (၁) စည်းလျှင် ကျပ် (၅၀)၊ သခွားသီး (၁) လုံးလျှင် ကျပ် (၂၀၀)၊ ပြောင်းဖူး (သကြား) (၁) ဖူးလျှင် ကျပ် (၃၅၀)၊ ပြောင်းဖူး (ရိုးရိုး) (၁) ဖူးလျှင် ကျပ် (၃၅၀)၊ မြေပဲဆံ (၁) ပြည်လျှင် ကျပ် (၁၀၀၀၀)၊ ကုလားပဲ (၁) ပြည်လျှင် ကျပ် (၁၀၀၀၀)၊ မောင်မခေါ်ပဲ (၁) ပြည်လျှင် ကျပ် (၁၁၀၀၀)၊ ကြက်သား (CP) (၁) ပိဿာလျှင် ကျပ် (၁၀၀၀၀)၊ ကြက်သား (ဗမာ) (၁) ပိဿာလျှင် ကျပ် (၁၇၀၀၀)၊ ဝက်သား (၁) ပိဿာလျှင် ကျပ် (၁၃၀၀၀)၊ အမဲသား (၁) ပိဿာလျှင် ကျပ် (၁၃၀၀၀)၊ ဆိတ်သား (၁) ပိဿာလျှင် ကျပ် (၁၆၀၀၀-၂၀၀၀၀)၊ မြစ်ပုစွန်ထုပ်ကြီး (၁) ပိဿာလျှင် ကျပ် (၄၀၀၀၀)၊ မြစ်ငါးမြင်း (၁) ပိဿာလျှင် ကျပ် (၂၄၀၀၀)၊ မြစ်ငါးကြင်း (၁) ပိဿာလျှင် ကျပ် (၁၄၀၀၀)၊ ရေခဲရိုက်ငါးတန် (၁) ပိဿာလျှင် ကျပ် (၆၅၀၀)၊ ကြက်ဥ (၁၀) လုံးလျှင် ကျပ် (၂၅၀၀-၂၇၀၀)၊ ဘဲဥ (၁၀) လုံးလျှင် ကျပ် (၄၀၀၀)၊ ငုံးဥ (၁၀) လုံးလျှင် ကျပ် (၇၀၀) စသည်ဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဈေးရောင်းချသူများထံမှသိရှိရပါသည်။

DOCA(မကွေး)