Main menu

ရာသီစာ ဂွေးချိုသီး စျေးကွက်

Powered by Drupal

   ကရင်ပြည်နယ်၊ ဘားအံမြို့၊ ရေပေါ်စျေးအတွင်းရှိ သစ်သီးဆိုင်များတွင် ဂွေးချိုသီးများ  ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။ ဂွေးချိုသီးတွင် ကယ်လ်စီယမ်ပါဝင်သည့်အတွက် အရိုးများ သန်စွမ်းကျန်းမာ‌စေခြင်း၊ ဗီတာမင်စီပါဝင်သည့်အတွက် နှလုံးရောဂါနဲ့ ကင်ဆာဖြစ်နိုင်ခြေကို လျော့ကျစေခြင်း၊ သံဓာတ်ပါဝင်မှု မြှင့်မားသည့်အတွက် တစ်နေ့တာလိုအပ်တဲ့ သံဓာတ်ပမာဏရဲ့ ၁၈ ရာခိုင်နှုန်းကို ရရှိစေပါသည်။ ဂွေးချိုသီးတွင် အမျှင်ဓာတ်ပါဝင်မှုမြင့်မားသည့်အတွက် ဆီးချိုသွေးချိုရောဂါ ဖြစ်နိုင်ခြေကို လျော့ကျစေနိုင်ခြင်း၊ ဝမ်းချုပ်ခြင်းကင်းစေပြီး  ကျန်မားရေးအတွက်များစွာ အထောက်အကူ ဖြစ်စေ၍ စားသုံးသင့်သော သီးနှံတစ်မျိုးဖြစ်သည်။ ဘားအံမြို့ရှိ ဈေးများတွင် ဂွေးချိုသီး အရွယ်အစားအလိုက် ဈေးနှုန်းများမှာ အလုံးကြီး(၁)လုံးလျှင် ၁၅၀ ကျပ် အလုံး (၁၀၀)လျှင် ၁၂၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ အလုံးသေး (၁)လုံးလျှင် ၁၀၀ ကျပ် အလုံး (၁၀၀)လျှင် ၈၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

DOCA(ကရင်)