Main menu

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော အခြေခံစားသောက်ကုန်ဈေးနှုန်းများ

Powered by Drupal

     ရန်ကုန်တိုင်းဒေသကြီး၊ ဘုရင့်နောင်ကုန်စည်ဒိုင်၌ ၂၆.၁၀.၂၀၂၃ မှ ၁.၁၁.၂၀၂၃ ရက်နေ့အတွင်း ဖြစ်ပေါ်ခဲ့သော အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ ကြက်သွန်ဖြူ(ကြူကုတ်-ရှယ်) ၁ ပိဿာလျှင် အမြင့်ဈေး ၁၅၀၀၀/- ကျပ်မှ အနိမ့်ဈေး ၁၀၂၀၀/- ကျပ်ထိလည်းကောင်း၊ ပဲကြီး(ကုန်း) ၅၃၉၀/- ကျပ်မှ ၅၅၇၀/- ကျပ်ထိလည်းကောင်း၊ ပဲကြီး(ရွှေကျွန်း) ၅၆၆၀/- ကျပ်မှ ၅၈၄၅/- ကျပ်ထိလည်းကောင်း၊ ကုလားပဲခြမ်း ၁ ပိဿာလျှင် ၅၈၀၀/- ကျပ်မှ ၆၁၀၀/- ကျပ်ထိလည်းကောင်း၊ ငရုတ်သီး (ဆင်ဖြူကျွန်း-ပု) ၁ ပိဿာလျှင် ၁၄၀၀၀/- ကျပ်မှ ၁၆၀၀၀/- ကျပ်ထိလည်းကောင်း၊ ငရုတ်သီး (အိမ်မဲ-ရှည်) ၁ ပိဿာလျှင် ၆၀၀၀/- ကျပ်မှ ၇၀၀၀/- ကျပ်ထိလည်းကောင်း၊ မန်ကျဉ်းသီး (ကပ်ပွင့်-သစ်) ၁ ပိဿာလျှင် ၁၁၅၀/- ကျပ်မှ ၁၂၅၀/- ကျပ်ထိလည်းကောင်း၊ မန်ကျဉ်းသီး (အသား-သစ်) ၁ ပိဿာလျှင် ၁၉၀၀/- ကျပ်မှ ၂၅၀၀/- ကျပ်ထိ လည်းကောင်း၊ ကြံသကာ (အိတ်သွတ်စ) ၁ ပိဿာလျှင် ၃၁၀၀/- ကျပ်မှ ၃၂၀၀/- ကျပ်ထိလည်းကောင်း၊ ကြံသကာ (သစ်) ၁ ပိဿာလျှင် ၄၀၀၀/- ဖြင့် လည်းကောင်း၊  သကြား (ပြည်တွင်း) ၁ ပိဿာလျှင် ၃၇၃၀/- ကျပ်မှ ၃၇၆၀/- ကျပ်ထိလည်းကောင်း၊ ထန်းလျက် (တောင်သာ) ၁ ပိဿာလျှင် ၃၇၀၀/- ကျပ်မှ ၃၈၀၀/- ကျပ်ထိလည်းကောင်း၊ ထန်းလျက် (ညောင်ဦး) ၁ ပိဿာလျှင် ၄၂၀၀/- ကျပ်မှ ၄၃၀၀/- ကျပ်ထိလည်းကောင်း၊ အာလူး (တရုတ်) ၁ ပိဿာလျှင် ၃၀၀၀/- ကျပ်မှ ၃၃၀၀/- ကျပ်ထိလည်းကောင်း၊ ကြက်သွန်နီ (ဆိပ်ဖြူ) ၁ ပိဿာလျှင် ၂၆၀၀/- ကျပ်မှ ၃၇၀၀/- ကျပ်ထိလည်းကောင်း အသီးသီးဖြစ်ပေါ်ခဲ့ပြီး ထန်းလျက်(ညောင်ဦး) မှာအနည်းငယ်ဈေးတက်၍ ကြက်သွန်ဖြူ(ကြူကုတ်)၊ အာလူး (တရုတ်)နှင့် ကြက်သွန်နီ (ဆိတ်ဖြူ)တို့မှာ ဈေးနှုန်း မြင့်တက်လျက်ရှိပြီး   အခြားအခြေခံစားသောက်ကုန်များမှာ ဈေးနှုန်း အနည်းငယ်သာ အတက်အကျ ဖြစ်လျက်ရှိကြောင်း တွေ့ရှိရပါသည်။

DOCA(ရန်ကုန်)