Main menu

ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ကြက်သွန်နီဈေးနှုန်းများ

Powered by Drupal

ရန်ကုန်တိုင်းဒေသကြီးသို့ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ ဝင်ရောက်လာသည့် ကြက်သွန်နီများသည် အနောက်ပိုင်းခရိုင် စားသုံးသူရေးရာဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ နေ့စဉ် မော်တော်ယာဉ်များဖြင့် ဝင်ရောက်လျက်ရှိပါသည်။ ပွဲရုံများ၏  ကြက်သွန်နီလက်ကျန်  အခြေအနေများအား  အမှန်ကန်ဆုံး သိရှိနိုင်ရန်အတွက် ဘုရင့်နောင်ပွဲရုံဝင်းအတွင်းရှိ ကြက်သွန်နီပွဲရုံ (၄၀) အနက် Random ရွေးစနစ်ဖြင့် ပွဲရုံ (၁၀) ရုံအား မေးမြန်းချက်များအရလည်းကောင်း၊ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီ နေ့စဉ်ဝင်ရောက်မှု စာရင်းများအရလည်းကောင်း၊ ကြက်သွန်နီလက်ကျန် အခြေအနေအားနေ့စဉ် စုံစမ်းလျက်ရှိ ပါသည်။ အောက်တိုဘာလ (၂၁) ရက်မှ အောက်တိုဘာလ (၂၇) ရက်နေ့အထိ ဘုရင့်နောင် ကုန်စည်ဒိုင်သို့ ကြက်သွန်နီဝင်ရောက်ရာ ဒေသများဖြစ်သည့် ဆိတ်ဖြူ၊ မြင်းခြံ၊ မြင်းခြံ(ကံဆင့်) ဒေသတို့မှ ကြက်သွန်နီ (၈၁၀၀၀၀) ပိဿာဝင်ရောက်ခဲ့ပြီး (၆၀) ရာခိုင်နှုန်းခန့်ပြန်လည် စီးထွက်မှုရှိကြောင်း သိရှိရပါသည်။ ထို့ကြောင့် ကြက်သွန်နီ လက်ကျန်မှာ (၃၂၄၀၀၀) ကျန်ရှိ ကြောင်း ကုန်စည်ဒိုင်သတင်းအရ သိရှိရသည်။ ဆိတ်ဖြူ ကြက်သွန်နီ (အသစ်) အချော တစ်ပိဿာ ကျပ် ၁၉၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၂၇၅၀ ၊ အကြီးမှာ ကျပ် ၂၉၀၀၊ ရှယ်မှာ ကျပ် ၃၂၅၀၊ မြင်းခြံ ကြက်သွန်နီ (အသစ်) အချော တစ်ပိဿာ ကျပ် ၂၂၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၂၈၅၀ ၊ အကြီးမှာ ကျပ် ၃၀၅၀၊ ရှယ်မှာ ကျပ် ၃၃၀၀ ၊ မြင်းခြံ (ကံဆင့်) ကြက်သွန်နီ (အသစ်) အချော တစ်ပိဿာ ကျပ် ၂၃၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၂၉၅၀၊ အကြီးမှာ ကျပ် ၃၁၅၀၊ ရှယ်မှာ ကျပ် ၃၄၀၀ ဈေးတို့အသီးသီးရှိကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(ရန်ကုန်)