Main menu

တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်းရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

Powered by Drupal

     အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ အောက်တိုဘာလ(၂၅)ရက်နေ့မှ အောက်တိုဘာလ(၃၁)ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီး ဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက် ရောင်းချနေကြောင်း သိရှိရပါသည်။ ထိုသို့ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီး ထိုင်ဝမ် (ပိဿာ)ကျပ် ၁၄၀၀ မှ ၁၈၀၀ အတွင်း၊ ဂေါ်ဖီထုပ်(တစ်ထုပ်)ကျပ် ၇၀၀ မှ ၁၅၀၀ အတွင်း၊ ပန်းဂေါ်ဖီ(ထုပ်)ကျပ် ၈၀၀ မှ ၁၆၀၀ အတွင်း၊ အာလူး(ပိဿာ)ကျပ် ၃၀၀၀ မှ ၃၂၀၀ အတွင်း၊ မုန်လာဥနီ(ပိဿာ) ကျပ် ၃၀၀၀ မှ ၃၃၀၀ အတွင်း ရွှေဖရုံသီး(လုံး)ကျပ် ၁၀၀၀ မှ ၄၅၀၀ အတွင်း၊ ဘူးသီး(လုံး) ကျပ် ၁၅၀၀ မှ ၂၅၀၀ အတွင်း၊ မုန်ညှင်း(ထုပ်)(ပိဿာ)ကျပ် ၄၀၀၀ မှ ၄၅၀၀ အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ)ကျပ် ၂၁၀၀ မှ ၃၀၀၀ အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း)(ပိဿာ)ကျပ် ၇၀၀၀ မှ ၈၀၀၀ အတွင်း၊ ကြက်သွန်ဖြူ (ကြူကုတ်) (ပိဿာ) ကျပ် ၇၈၀၀ မှ ၇၉၀၀ အတွင်း၊ ချင်း(ပိဿာ)ကျပ် ၄၅၀၀ မှ ၅၅၀၀ အတွင်း၊ ဆလပ်ရွက် (စည်း) ကျပ် ၃၀၀ မှ ၄၀၀ အတွင်း၊ ချဉ်ပေါင်ရွက်(စည်း) ကျပ် ၂၀၀ မှ ၃၀၀ အတွင်း၊ ခရမ်းသီး  (ရှည်) (ပိဿာ)ကျပ် ၁၂၀၀ မှ ၁၈၀၀ အတွင်း၊ သံပရာသီး(လုံး)ကျပ် ၈၀ မှ ၁၂၀ အတွင်း၊ ငရုတ်သီးစိမ်း (ကျောက်စိမ်း) (ပိဿာ)ကျပ် ၂၁၀၀ မှ ၂၅၀၀ အတွင်း၊ ဖရဲသီး (အကြီး၊ အလတ်၊ အသေး)ကျပ် ၁၅၀၀ မှ ၆၀၀၀ အတွင်းဖြစ်ကြောင်း သိရှိရပါတယ်။ တညင်းကုန်းလက်ကားဈေးကြီး အတွင်းသို့ ယခုရက်သတ္တပတ်အတွင်း သံပုရာသီးအလုံးပေါင်း(၅၇၇၇၈၀)ကျော်၊ ခရမ်းသီး(ရှည်) (ပိဿာ) (၄၁၂၃၀)ကျော်၊ ဘူးသီးအလုံးပေါင်း (၆၃၉၀)ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း(၉၈၇၅)ကျော်၊ ဂေါ်ဖီထုပ်ပေါင်း (၅၄၇၀၀)ကျော်၊ ပန်းဂေါ်ဖီထုပ်ပေါင်း (၃၂၉၇၅)ကျော်၊ မုန်ညှင်းထုပ်(ပိဿာ) ပေါင်း (၆၇၁၀)ကျော်၊ ဖရဲသီးလုံးပေါင်း(၃၉၉၅၀)ကျော်  အသီးသီးကုန်အဝင်ရှိကြောင်း သိရပါသည်။

DOCA(ရန်ကုန်)