Main menu

အောင်လံကုန်စည်ဒိုင်၏သီးနှံအရောင်းအဝယ်ဖြစ်မှုအခြေအနေ

Powered by Drupal

    အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် နှမ်းနက်(စမုံ)မှာ (၄၅)ပိဿာ(၁)အိတ်လျှင် ယခင်အပတ်(၂၅-၁၀-၂၀၂၃)ရက်နေ့တွင် ကျပ်(၂၇၀၀၀၀-၃၂၅၀၀၀)ဖြစ်ပြီး ယခုအပတ်(၃၁-၁၀-၂၀၂၃)ရက်နေ့တွင် ကျပ် (၂၇၀၀၀၀-၃၁၀၀၀၀)ဖြစ်၍ ကျပ်(၁၅၀၀၀)ဈေးလျော့ခဲ့ကြောင်း၊ နှမ်းပြာ ယခင်အပတ်တွင် ကျပ်(၂၇၀၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၂၆၅၀၀၀)ဖြစ်၍ ကျပ်(၅၀၀၀) ဈေးလျော့ခဲ့ ကြောင်း၊ နှမ်းနီ ယခင်အပတ်တွင် ကျပ်(၂၉၀၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၂၈၅၀၀၀)ဖြစ်၍ ကျပ် (၅၀၀၀)စသည်ဖြင့် အသီးသီးဈေးလျော့ခဲ့ပါသည်။  နှမ်းဖြူမှာ ယခင်အပတ်တွင် ကျပ်(၃၀၀၀၀၀-၃၁၀၀၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ် (၃၀၀၀၀၀-၃၁၀၀၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ အရောင်းအဝယ်ပမာဏအနေဖြင့် (၄၅)ပိဿာဝင်အိတ်များဖြင့် နှမ်းနက်(စမုံ)(၁၁၅၀)အိတ်၊ နှမ်းနီ (၉၀)အိတ်၊ နှမ်းဖြူ(၈၀)အိတ်၊ နှမ်းပြာ(၁၂၅)အိတ်တို့ အရောင်းအဝယ်ရှိခဲ့ပါကြောင်း၊ ဝါကျွတ်ကာလ အခါသမယပိတ်ရက်များရှိခဲ့၍ အရောင်းအဝယ်နည်းပါးခဲ့ပါကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိရပါသည်။

          ပဲမျိုးစုံဈေးကွက်အနေဖြင့် မတ်ပဲ(၂၀)ပိဿာ(၁)တင်းလျှင် ကုလားပဲ(H-L) ယခင်အပတ်တွင် ကျပ်(၉၂၅၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၉၁၅၀၀)ဖြစ်၍ ကျပ်(၁၀၀၀)ဈေးလျော့ခဲ့ကြောင်း၊ ကုလားပဲ (မြကြေး) ယခင်အပတ်တွင် ကျပ်(၉၁၀၀၀) ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၉၀၅၀၀)ဖြစ်၍ ကျပ်(၅၀၀) ဈေးလျော့ခဲ့ကြောင်း၊ ပဲတီစိမ်း ယခင်အပတ်တွင် ကျပ်(၅၈၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၅၇၀၀၀) ဖြစ်၍ ကျပ်(၁၀၀၀)စသည်ဖြင့် အသီးသီးဈေးလျော့ခဲ့ပါသည်။ မတ်ပဲမှာ ယခင်အပတ်တွင် ကျပ်(၉၀၀၀၀) ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၉၀၀၀၀)၊ ပဲကြီး ယခင်အပတ်တွင် ကျပ်(၁၁၀၀၀၀-၁၁၅၀၀၀) ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၁၁၀၀၀၀-၁၁၅၀၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ  အရောင်း အဝယ်ပမာဏအနေဖြင့်  (၃၀)ပိဿာဝင်အိတ်များဖြင့် မတ်ပဲ(၁၂၀)အိတ်၊ ကုလားပဲ(H-L)(၃၅၀)အိတ်၊ ကုလားပဲ(မြကြေး)(၁၉၀)အိတ်၊ ပဲကြီး(၂၇၀)အိတ်၊ ပဲတီစိမ်း(၁၈၀)အိတ်တို့ အရောင်းအဝယ်ဖြစ်ခဲ့ ပါသည်။

    မြေပဲလုံးဆံဖြူ(၁)ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၅၄၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ် (၅၆၀၀-၅၈၀၀)ဖြစ်၍ ကျပ်(၂၀၀-၄၀၀)ဈေးမြင့်ခဲ့ပါသည်။ မြေပဲတောင့်အစို(၁)တင်းလျှင် ယခင်အပတ် တွင်  ကျပ် (၁၆၀၀၀-၁၉၀၀၀) ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၁၃၀၀၀-၁၉၀၀၀)ဖြစ်၍ ကျပ်(၃၀၀၀)ဈေး လျော့ခဲ့ပြီး အရောင်းအဝယ်ပမာဏအနေဖြင့် (၃၀)ပိဿာဝင်အိတ်များဖြင့် မြေပဲလုံးဆံဖြူ(၂၇၀)အိတ်၊ မြေပဲတောင့်အစိုတင်း(၃၂၀၀)ခန့် အရောင်းအဝယ်ရှိခဲ့ပါကြောင်း၊ အပတ်စဉ်ပုံမှန်ရန်ကုန်မြို့နှင့် မန္တလေးမြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ဝါသီးနှံမှာ အောက်တိုဘာလ(စတုတ္ထပတ်) အတွင်း စတင်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး (၁)ပိဿာလျှင် ကျပ်(၂၈၅၀-၂၉၀၀)ဖြင့် ဝါပိဿာချိန် (၂၇၀၀)ပိဿာအရောင်းအဝယ်ရှိခဲ့ပါကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိရပါသည်။

DOCA(မကွေး)