Main menu

နိုဝင်ဘာလ ပထမပတ် မုံရွာမြို့တွင်ရောင်းချနေသော စက်သုံးဆီဈေးနှုန်းများ

Powered by Drupal

   မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/ သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး၊ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။

    မုံရွာမြိုတွင် စက်သုံးဆီဆိုင် (၂၇)ဆိုင် ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး အောက်တိုဘာလ စတုတ္ထပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာ လျှင် (၂၁၂၀) ကျပ်၊ ဓါတ်ဆီ (95) တစ်လီတာလျှင် (၂၂၁၅)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၃၇၅) ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၂၄၈၅) ကျပ်ဖြင့် ရောင်းချနေသောကြောင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

       ယခု နိုဝင်ဘာလ ပထမပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာ လျှင် (၂၁၃၅) ကျပ်၊ ဓါတ်ဆီ (95) တစ်လီတာလျှင် (၂၂၄၅)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၃၀၅) ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၂၄၁၅) ကျပ်ဖြင့် ရောင်းချနေသောကြောင့် ယခင် အောက်တိုဘာလ စတုတ္ထပတ်နှင့် နှိုင်းယှဉ်ပါက ဓါတ်ဆီ(92) တစ်လီတာလျှင် (၁၅)ကျပ်၊  ဓါတ်ဆီ(95) တစ်လီတာ လျှင်(၃၀)ကျပ် ဈေးနှုန်းအသီးသီး မြင်တက်လျက်ရှိကြောင်းပြီး ဒီဇယ်(ရိုးရိုး)တစ်လီတာလျှင် (၇၀)ကျပ် ဒီဇယ် (ပရီမီယမ်) တစ်လီတာလျှင် (၇၀) ကျပ် အသီးသီးဈေးနှန်းကျလျက်ရှိကြောင်း စက်သုံးဆီအရောင်းဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)