Main menu

ကသာမြို့တွင် ဖြစ်ပေါ်လျက်ရှိသော အခြေခံစားသောက်ကုန်ဈေးနှုန်းများ

Powered by Drupal

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်အတွင်း ၂၀၂၃-ခုနှစ် အောက်တိုဘာလ (၃၀)ရက်နေ့မှ နိုဝင်ဘာလ(၂)ရက်နေ့အတွင်း  ဈေးကွက်အသီးသီး၌ ရောင်းချလျက်ရှိသော ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း ဆန်တစ်အိတ်လျှင်(၁၅၅၀၀၀)ကျပ်၊ ဧရာမင်းဆန် တစ်အိတ်လျှင်(၁၂၀၀၀၀)ကျပ်၊ ဧည့်မထ(ဆင်း-၃) တစ်အိတ်လျှင်(၉၀၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး စားသုံးဆီဈေးနှုန်းမှာ မြေပဲဆီတစ်ပိဿာ (၁၅၀၀၀)ကျပ်ရှိကြောင်း သိရသည်။ ဆန်ဈေးနှင့် စားသုံးဆီဈေးနှုန်းများမှာ အောက်တိုဘာလ နောက်ဆုံးအပတ်ရှိ ဈေးနှုန်းများနှင့် နှိုင်းယှဉ်ကြည့်ပါက ဆန်ဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိပြီး မြေပဲဆီဈေးနှုန်းမှာ ကျပ် (၁၀၀၀)ခန့် လျော့နည်းလျက်ရှိသည်ကို တွေ့ရှိရသည်။

   စားဖိုဆောင်သီးနှံ လက်လီဈေးနှုန်းများမှာ ကြက်သွန်နီ(အသစ်) တစ်ပိဿာ အလုံး(အသေး/ အကြီး)ပေါ် မူတည်၍ တစ်ပိဿာ(၃၇၀၀ မှ ၄၀၀၀)ကျပ်၊ ကြက်သွန်ဖြူ(ရှမ်း) တစ်ပိဿာ(၁၂၀၀၀) ကျပ်၊ အာလူး တစ်ပိဿာ(၄၀၀၀)ကျပ်၊ ခရမ်းချဉ်သီးတစ်ပိဿာ (၂၈၀၀/၃၀၀၀)ကျပ်၊ ဂျင်းတစ် ပိဿာ(၁၀၀၀၀)ကျပ်၊ ကုလားပဲတစ်ပိဿာ (၇၂၀၀)ကျပ်၊ ပဲနီလေးတစ်ပိဿာ(၆၈၀၀)ကျပ်၊ ငရုတ် ခြောက်(ပု) တစ်ပိဿာ(၂၇၀၀၀)ကျပ်၊ ငရုတ်(စို) တစ်ပိဿာ(၅၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိသည်။

   အသား/ငါး ဈေးနှုန်းများမှာ ကြက်သား(CP) တစ်ပိဿာ (၁၂၀၀၀)ကျပ်၊ ဝက်သား တစ်ပိဿာ (၂၂၀၀၀) ကျပ်၊ အမဲသားတစ်ပိဿာ(၁၆၀၀၀)ကျပ်နှင့် ငါးကြင်း တစ်ပိဿာ(၉၀၀၀) ကျပ်၊ ကြက်ဥ တစ်လုံး(အသေး/အကြီး)ပေါ်မူတည်၍ (၂၆၀/၂၈၀/၃၀၀)ကျပ်နှင့် ဘဲဥတစ်လုံး (၃၅၀)ကျပ်ဖြင့် ရောင်းချလျက်ရှိသည်။ အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ အောက်တိုဘာလနောက်ဆုံးအပတ်နှင့် နှိုင်းယှဉ်ကြည့်ပါက အာလူးတစ်ပိဿာလျှင် ကျပ်(၁၂၀၀)ခန့်၊ ဂျင်းတစ်ပိဿာလျှင် ကျပ်(၂၀၀၀)ခန့် မြင့်တက်လာပြီး အသား/ငါး ဈေးနှုန်းနှင့် ကျန် စားဖိုဆောင်သီးနှံဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)