Main menu

ကန့်ဘလူမြို့တွင်ရောင်းချလျက်ရှိသော သစ်သီးဝလံဈေးနှုန်းများ

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့တွင်ရောင်းချနေသော သစ်သီးဝလံများမှာ ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့နယ်၊ မြစ်ကြီးနားမြို့နှင့် မန္တလေးမြို့ရှိသစ်သီးပွဲရုံများမှ အသီးသီး ဝင်ရောက်လျက်ရှိသည်။

    ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလပထမပတ်တွင် ဖြစ်ပေါ်လျက်ရှိသော သစ်သီးဝလံဈေးနှုန်းများမှာ ဇီးပန်းသီး (၁)ပိဿာလျှင် (၉၀၀၀)ကျပ်၊ ပန်းသီး(ရိုးရိုး) အသေး(၁)လုံးလျှင် (၃၀၀ မှ  ၅၀၀) ကျပ်ထိ၊ ပန်းသီး(ရိုးရိုး) အကြီး(၁)လုံးလျှင်(၈၀၀မှ ၁၀၀၀)ကျပ်ထိ၊  စပျစ်သီး(အလုံးကြီး) (၁)ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ ပန်းသစ်တော်သီး(၁)လုံးလျှင် (၂၅၀၀)ကျပ်၊  ဖီးကြမ်းငှက်ပျောသီး (၁)ဖီးလျှင်(၁၅၀၀)ကျပ်၊ ခွန်စိမ်း ရိုးရိုး (၁)ဖီးလျှင် (၁၅၀၀)ကျပ်၊ ဖရဲသီး (၁)လုံးလျှင် (၂၅၀၀ မှ ၃၀၀၀)ကျပ်ထိ၊ သခွားမွှေး (၁)လုံးလျှင် (၂၅၀၀ မှ ၃၀၀၀)ကျပ်ထိ၊  မက်မန်းသီး (၁)ပိဿာလျှင် (၄၅၀၀)ကျပ်၊ နာနတ်သီး (၁)လုံးလျှင် (၂၅၀၀ မှ ၃၀၀၀)ကျပ်ထိ၊ တည်သီး (၁)လုံးလျှင် (၇၀၀မှ ၁၀၀၀)ကျပ်ထိ ၊ ထောပတ်သီး (၁)လုံးလျှင် (၇၀၀မှ ၈၀၀)ကျပ်ထိ၊ လိမ္မော်သီး (၁)ပိဿာလျှင် (၁၀၀၀၀)ကျပ်ဖြင့် အသီးသီးအရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့တွင်ရောင်းချလျက်ရှိသော သစ်သီးဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)