
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူကြက်သွန်နီကုန်စည်ဒိုင်၌ ကြက်သွန်နီစိုက်ပျိုးရာဒေသများဖြစ်ကြသော ပေါက်၊ ဆိပ်ဖြူ၊ ရေပြာ၊ ကမ္မ၊ ရေစကြို နှင့် ပခုက္ကူကျွန်းများမှ ဆောင်းစိုက်/ ပင်စိုက်များအရောင်းအဝယ်ဖြစ်လျက်ရှိသည့်အပြင် အခြားဒေသများဖြစ်သော ပုလဲ၊ မြင်းခြံမြို့၊ တောင်သာ နယ်၊ ညောင်ဦးမှဆောင်းစိုက်(ပင်စိုက်)ကြက်သွန်နီများအပြင် ကြက်သွန်ဖြူများလည်း ဝင်ရောက်အရောင်းအဝယ်ဖြစ်နေပါသည်။
၂၀၂၃ခုနှစ်၊ အောက်တိုဘာလ(စတုတ္ထပတ်)တွင် ပခုက္ကူကြက်သွန်နီကုန်စည်ဒိုင်၏ ကြက်သွန်နီနှင့် ကြက်သွန်ဖြူဒိုင်ပြတ်ဈေးမှာ ပေါက်နယ်(ယောစ) ထိပ်စတစ်ပိဿာလျှင် ကျပ် (၂၈၀၀)၊ အလတ်စတစ်ပိဿာလျှင် ကျပ်(၂၅၀၀)၊ အနိမ့်စတစ်ပိဿာလျှင် ကျပ်(၂၃၀၀)ဖြင့် နေ့စဉ် ကုန်ချိန် (၅၀၀၀၀မှ ၁၀၀၀၀၀)ကျော်အရောင်းအဝယ်ဖြစ်နေပြီး မြို့မစည်ပင်ဈေး၌ လက်လီ/ လက်ကားရောင်းချသောဈေးမှာ ထိပ်စတစ်ပိဿာလျှင် ကျပ်(၃၃၀၀)၊ အလတ်စတစ်ပိဿာလျှင် ကျပ်(၃၀၀၀)၊ အနိမ့်စတစ်ပိဿာလျှင် ကျပ်(၂၈၀၀)ဖြင့်ရောင်းချနေကြောင်းနှင့် တင်ပို့မှုအနေဖြင့် ရန်ကုန်ဘုရင့်နောင်သို့တင်ပို့နေကြောင်း ကုန်သည်များထံမှသိရှိရပါသည်။
DOCA(မကွေး)