
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှခွဲဝေချထားသည့် စားအုန်းဆီများအား ကသာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်ချက်အရ စားသုံးသူရေးရာဦးစီးဌာနနှင့် ခရိုင်ကုန်ဈေးနှုန်းတည်ငြိမ်ရေး လုပ်ငန်းအဖွဲ့ဝင်များကကြီးကြပ်ကာ စားအုန်းဆီကုန်သည်များနှင့်ပူးပေါင်း၍ ကသာမြို့ရှိ နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူများနှင့် ဘုန်းတော်ကြီးကျောင်း၊ သီလရှင်ကျောင်းများသို့ သက်သာသောနှုန်းထားဖြင့် စားအုန်းဆီများရောင်းချပေးလျက်ရှိပါသည်။
ကသာမြို့အတွင်းရှိ အများပြည်သူများအား နိုဝင်ဘာလ(၁)ရက်နေ့တွင် ပြင်ပပေါက်ဈေးထက် သက်သာသောနှုန်းထားဖြင့် စားအုန်းဆီပိဿာ (၁၁၀၀)ပိဿာ၊ နိုဝင်ဘာ လ(၃)ရက်နေ့တွင် စားအုန်းဆီပိဿာ (၁၁၀၀) ပိဿာရောင်းချပေးခဲ့ရာ ထိုသို့ရောင်းချပေးနေမှုကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ဝင်များက လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်းသိရှိရပါသည်။ ဆက်လက်၍ စားအုန်းဆီခွဲတမ်းရရှိမှုအပေါ်မူတည်၍ ခရိုင်အတွင်းမြို့နယ်များရှိ ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ဘုန်းတော်ကြီးကျောင်း၊ သီလရှင်ကျောင်းများသို့ ထပ်မံရောင်းချပေးသွားရန် အစီအစဉ်များရှိကြောင်းသိရှိရပါသည်။
DOCA(စစ်ကိုင်း)