
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် ကန့်ဘလူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တာဝန်ရှိသူများနှင့် ဆီကုန်သည်တို့ပူးပေါင်းကာ (၂-၁၁-၂၀၂၃) ရက်နေ့၊ နံနက် (၀၇:၀၀) နာရီအချိန်တွင် ကန့်ဘလူမြို့၊ စည်ပင်သာယာခန်းမ၌ စားအုန်းဆီများကို ကန့်ဘလူမြို့ပေါ်ရပ်ကွက်ရှိ ပြည်သူများအား ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာရောင်းချပေးခဲ့ကြောင်းသိရသည်။
အဆိုပါ စားအုန်းဆီများရောင်းချပေးရာတွင် ပြည်သူများ သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများဝယ်ယူရရှိစေရန် လူတစ်ဦးလျှင် (၅၀)ကျပ်သားကို ၂၆၀၀ကျပ်ဖြင့် ပြည်သူများ၏လက်ဝယ်အရောက် ရောင်းချပေးခဲ့ပြီး လူဦးရေ (၁၄၅၀)ဦးအတွက် စားအုန်းဆီ ၇၂၅ပိဿာရောင်းချပေးခဲ့ကြောင်း ဆီကုန်သည် ဦးနွေဦးထံမှသိရှိရပါသည်။
DOCA(စစ်ကိုင်း)