Main menu

ကံမမြို့နယ်တွင် စားသုံးသူပြည်သူများထံသို့ သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီများရောင်းချပေးမှုအခြေအနေ

Powered by Drupal

     မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်၊ လမ်းညွှန်မှာကြားချက်နှင့် သရက်ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့၏စီမံပေးမှုအရ ကံမမြို့နယ်၌ သရက်မြို့နယ်ဆီကုန်သည်များက (၂-၁၁-၂၀၂၃)ရက်နေ့၊ နေ့လယ် (၁၃း၀၀) နာရီအချိန်တွင် ကံမမြို့၊ အမှတ်(၁/၂/၃/၄)ရပ်ကွက်များရှိ အိမ်ထောင်စု(၂၂၀၀)စုအတွက် စားအုန်းဆီပိဿာ (၂၂၀၀)ပိဿာကို သက်သာသောဈေးနှုန်းဖြစ်သည့် စားအုန်းဆီ(၁)ပိဿာလျှင် ကျပ်(၅၅၀၀)နှုန်းဖြင့် ရောင်းချပေးခဲ့ပါသည်။

    ထိုသို့ရောင်းချပေးနေမှုအား ကံမမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် သရက်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းများနှင့် ကံမမြို့နယ်တာဝန်ခံတို့သည် စားသုံးဆီများအဆင်ပြေချောမွေ့စွာဝယ်ယူနိုင်ရေး၊ စားအုန်းဆီဈေးနှုန်းများမှန်ကန်မှုရှိစေရေး၊ အလေးချိန်ပြည့်ဝမှန်ကန်မှုရှိစေရေး၊ စားအုန်းဆီဝယ်ယူရာ၌ စနစ်တကျရှိစေရန်အတွက် စားသုံးသူပြည်သူများအား တန်းစီစနစ်ဖြင့်ရောင်းချပေးခြင်းတို့ကိုကြီးကြပ်၍ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(မကွေး)