Main menu

ရွှေဘိုခရိုင်အတွင်း နိုဝင်ဘာလ ပထမပတ်တွင်ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

Powered by Drupal

     ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ နိုဝင်ဘာလ ပထမပတ်တွင် စပါး/ဆန်ဈေးနှုန်းများအနည်းငယ်ကျဆင်းနေပါသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ အောက်တိုဘာလ နောက်ဆုံးပတ်တွင်  ရန်ကုန်သို့ အိတ်ရေ ၁၉၅၀၀၊ မန္တလေးသို့ အိတ်ရေ ၁၇၈၀၀၊ နေပြည်တော်သို့ အိတ်ရေ ၃၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၂၀၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၂၀၀၀၊ ပခုက္ကူသို့ အိတ်ရေ ၁၅၀၀၊ စုစုပေါင်းအိတ်ရေ ၄၅၈၀၀အိတ်၊ တန်အားဖြင့် ၂၂၉၀တန်စီးထွက်ခဲ့ပြီး နိုဝင်ဘာလ ပထမပတ်တွင် ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၁၅၇၅၀၊ မန္တလေးသို့ အိတ်ရေ ၁၇၀၀၅၊ နေပြည်တော်သို့ အိတ်ရေ ၃၂၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၂၄၀၀၊ ပခုက္ကူသို့ အိတ်ရေ ၁၀၀၀၊ ကယားသို့ အိတ်ရေ ၄၀၀၊ စုစုပေါင်းအိတ်ရေ ၃၉၇၅၅အိတ်၊ တန်အားဖြင့် ၁၉၈၈တန်စီးထွက်ခဲ့သည့်အတွက် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ယခုအပတ်အတွင်း အိတ်ရေ ၆၀၄၅အိတ်၊ တန်အားဖြင့် ၃၀၂တန်လျော့နည်း၍ စီးထွက်ခဲ့ပါသည်။

          ရွှေဘိုမြို့၏ နိုဝင်ဘာလ  ပထမပတ်တွင်ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း၁၀၀လျှင် ကျပ်၃၇၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်းဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၂၅၀၀၀၊  ဧရာမင်းဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၃၅၀၀၀နှင့် (၂၀၂၂-၂၀၂၃) ခုနှစ်  ရွှေဝါထွန်း(နွေစပါး) တင်း၁၀၀လျှင် ကျပ်၁၈၀၀၀၀၀၊ ရွှေဝါထွန်းဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၇၃၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)