Main menu

မုံရွာမြို့၊ ချင်းတွင်းရတနာဈေးအတွင်းရောင်းချနေသော အခြေခံစားကုန်ဈေးနှုန်းများအခြေအနေ

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ဈေးများတွင် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ (ဒုတိယပတ်) အတွင်း ‌ရွှေဘိုပေါ်ဆန်း (တစ်အိတ်)လျှင် ၁၂၅,၀၀၀ကျပ်၊  ဧရာမင်း(ဆန်)(တစ်အိတ်)လျှင် ၁၂၅,၀၀၀ကျပ်၊ ဧည့်မထဆန် (တစ်အိတ်)လျှင် ၁၀၈,၀၀၀ကျပ်၊ ပဲဆီ(တစ်ပိဿာ)လျှင် ၁၂၅၀၀ကျပ်၊ နှမ်းဆီ (တစ်ပိဿာ) လျှင် ၁၂၅၀၀ကျပ်၊ နေကြာဆီ(တစ်ပိဿာ)လျှင် ၁၂၅၀၀ကျပ်၊ စားအုန်းဆီ (တစ်ပိဿာ) လျှင် ၅၀၀၀ကျပ်၊ ဆား(တစ်ပိဿာ)လျှင် ၆၀၀ကျပ်မှ ၇၀၀ကျပ်အထိ၊ ငရုတ်ခြောက် (တစ်ပိဿာ) လျှင် ၁၆၀၀၀ကျပ်မှ ၁၇၀၀၀ကျပ်အထိ၊ ကြက်သွန်နီ (တစ်ပိဿာ) လျှင် ၂၇၀၀ကျပ်မှ ၃၀၀၀ကျပ်အထိ၊ ကြက်သွန်ဖြူ (ရှမ်းစ) (တစ်ပိဿာ) လျှင် ၁၀၀၀၀ကျပ်မှ ၁၁၀၀၀ကျပ်အထိ၊ ကြက်သွန်ဖြူ (ကြူကုတ်) (တစ်ပိဿာ) လျှင် ၁၀၀၀၀ကျပ်မှ ၁၁၀၀၀ကျပ်အထိ၊ အာလူး (တစ်ပိဿာ) လျှင် ၂၄၀၀ကျပ်မှ ၂၈၀၀ကျပ်အထိ၊ မန်ကျည်းသီးမှည့် (တစ်ပိဿာ) လျှင် ၃၂၀၀ကျပ်မှ ၃၅၀၀ကျပ်အထိ၊ နနွင်းတက် (တစ်ပိဿာ) လျှင် ၉၅၀၀ကျပ်မှ ၁၀၀၀၀ကျပ်အထိ၊ ခရမ်းချဉ်သီး (တစ်ပိဿာ)လျှင် ၂၂၀၀ကျပ်၊ ဂေါ်ဖီထုပ် (တစ်ထုပ်) လျှင် ၁၀၀၀ကျပ်၊ ပဲသီး(ပဲထောင့်ရှည်)(တစ်စည်း)လျှင် ၅၀၀ကျပ်၊ ကြက်သား (တစ်ပိဿာ) လျှင် ၈၅၀၀ကျပ်မှ ၉၀၀၀ကျပ်အထိ၊ ဝက်သား (တစ်ပိဿာ)လျှင် ၁၈၀၀၀ကျပ်မှ ၁၉၀၀၀ကျပ်အထိ၊ အမဲသား (တစ်ပိဿာ) လျှင် ၁၂၀၀၀ကျပ်မှ ၁၃၀၀၀ကျပ်အထိ၊ ဆိတ်သား(တစ်ပိဿာ)လျှင် ၂၀၀၀၀ကျပ်မှ ၂၂၀၀၀ကျပ်အထိ၊ ငါးမြစ်ချင်း (တစ်ပိဿာ) လျှင် ၁၁၀၀၀ကျပ်မှ ၁၂၀၀၀ကျပ်အထိ၊ ကြက်ဥ (၁)လုံးလျှင် ၂၅၀ကျပ်၊ ဘဲဥ (၁)လုံးလျှင် ၃၅၀ကျပ်၊ ဖရဲသီး (ကျောက်စိမ်း) (၁)လုံးလျှင် ၁၅၀၀ကျပ်မှ ၂၀၀၀ကျပ်အထိ၊ ဖရဲသီး (၂၁၁) (၁)လုံးလျှင် (၁၀၀၀-၃၀၀၀) ကျပ်အတွင်း အသီသီးဈေးရှိကြောင်းသိရသည်။

     ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက အခြေခံစားကုန်များဖြစ်သည့် ဧည့်မထဆန် (တစ်အိတ်) ဈေးနှုန်းအနည်းငယ်ကျပြီး ကြက်သွန်နီ၊ ကြက်သွန်ဖြူ (ရှမ်းစ)၊  ကြက်သွန်ဖြူ (ကြူကုတ်)၊ မန်ကျည်းသီး၊ ဘဲဥ၊ ခရမ်းချဉ်သီး၊ နနွင်းတက်ဈေးနှုန်းများအနည်းငယ်ဈေးတက်နေပါကြောင်း၊ စားအုန်းဆီဈေးနှုန်းများရည်ညွှန်းဈေးပေါ်မူတည်၍ ဈေးနှုန်းအပြောင်းအလဲရှိပါကြောင်း ချင်းတွင်းရတနာဈေးရှိ လက်လီ/လက်ကားရောင်းဝယ်ဖောက်ကားရောင်းချနေသော ကုန်သည်များထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)