Main menu

မုံရွာမြို့နယ်တွင် ခရမ်းချဉ်သီးဈေးနှုန်းကျဆင်း

Powered by Drupal

    ခရမ်းချဉ်သီးသည် အပူပိုင်းဒေသနှင့် သမနွေပိုင်းဒေသတို့တွင် ကောင်းမွန်စွာစိုက်ပျိုးဖြစ်ထွန်းသောသီးနှံတစ်မျိူးဖြစ်ပြီး မုံရွာမြို့နယ်အတွင်း ခရမ်းချဉ်သီးကို မိုးဦးနှင့် မိုးနှောင်းကာလများ၌ ဒေသအတွင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပါသည်။

     ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလသည် ဒေသတွင်းခရမ်းချဉ်သီးပေါ်သည့် ရာသီချိန်ဖြစ်သည့်အတွက် ဈေးကွက်တွင် ဒေသတွင်းထွက်ကုန်ဖြစ်သော ခရမ်းချဉ်သီးများဝင်ရောက်လျက်ရှိကြောင်း၊ မုံရွာမြို့နယ်အတွင်း ဖြစ်ပေါ်နေသောခရမ်းချဉ်သီးဈေးနှုန်းများမှာ အောက်တိုဘာလ ပထမအပတ်တွင် ခရမ်းချဉ်သီးတစ်ပိဿာလျှင် ကျပ် (၂၆၀၀-၂၈၀၀) မှ ယခုနိုဝင်ဘာလ ပထမအပတ်တွင် ကျပ် (၂၀၀၀-၂၂၀၀) အထိဖြစ်၍ ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း၊ ဈေးနှုန်းကျဆင်းရခြင်းမှာ ဈေးကွက်အတွင်း ဒေသထွက်ကုန်ဖြစ်သော ခရမ်းချဉ်သီးများ ဝင်ရောက်မှုများရှိနေခြင်းကြောင့်ဖြစ်ကြောင်း၊ ဈေးကွက်အနေဖြင့် အရောင်းအဝယ်သွက်ကာ ခရမ်းချဉ်စိုက်တောင်သူများအဆင်ပြေနေကြကြောင်း တောင်သူများထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)