Main menu

မွန်ပြည်နယ်သံပရာသီး ဈေးနှုန်းတက်လာသည့်အခြေအနေ

Powered by Drupal

      မွန်ပြည်နယ်ရှိ သံပရာသီးဈေးနှုန်းများမှာ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလအတွင်း သံပရာသီး (အသေး)တစ်လုံးလျှင် ကျပ် (၅၀မှ ၇၀)အထိ၊ သံပရာသီး (အကြီး)တစ်လုံးလျှင် ကျပ် (၈၀မှ ၁၀၀)အထိဖြစ်သည်။ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ (ပထမပတ်) အတွင်း သံပရာသီးဈေးနှုန်းမှာ သံပရာသီး (အသေး) တစ်လုံးလျှင် ကျပ် (၁၅၀မှ ၂၀၀)အထိ၊ သံပရာသီး(အကြီး)တစ်လုံးလျှင် ကျပ်(၂၅၀မှ ၄၀၀)အထိ ဈေးနှုန်းမြင့်တက်လာခဲ့သည်။

  ထိုသို့ သံပရာသီးဈေးနှုန်းမြှင့်တက်လာရခြင်းမှာ သံပရာသီးလှိုင်လှိုင်ထွက်ပေါ်ချိန်ဖြစ်သော မိုးရာသီကုန်ဆုံးချိန်ဖြစ်သဖြင့် အသီးထွက်နှုန်းနည်းပါးလာခြင်းကြောင့်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မွန်)