Main menu

ပခုက္ကူမြို့ပေါ်၌ နိုဝင်ဘာလ(ပထမပတ်) စားသုံးဆီဈေးကွက် အခြေအနေ

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ပေါ်၌ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ(ပထမပတ်)တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော စားသုံးဆီဈေးနှုန်းများမှာ ပဲဆုံဆီ လက်ကားတစ်ပိဿာလျှင်ကျပ် (၁၂၀၀၀)၊ လက်လီ  တစ်ပိဿာလျှင်ကျပ်(၁၃၅၀၀/၁၄၀၀၀)၊ ပဲရောဆီ လက်ကားတစ်ပိဿာလျှင် ကျပ်(၉၀၀၀)၊ လက်လီ တစ်ပိဿာလျှင် ကျပ်(၉၅၀၀/၁၀၀၀၀)၊ နှမ်းဆီ လက်ကားတစ်ပိဿာလျှင် ကျပ်(၁၁၈၀၀)၊ လက်လီ တစ်ပိဿာလျှင်ကျပ်(၁၂၀၀၀)၊ စားအုန်းဆီ လက်ကားတစ်ပိဿာလျှင် ကျပ် (၄၈၀၀)၊ လက်လီ တစ်ပိဿာလျှင်ကျပ် (၅၀၀၀)၊ နေကြာဆီ လက်ကားတစ်ပိဿာလျှင် ကျပ် (၁၁၈၀၀)၊  လက်လီ တစ်ပိဿာလျှင် ကျပ်(၁၂၀၀၀) ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

    ယခင်အောက်တိုဘာလ(စတုတ္ထပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ရမည်ဆိုလျှင် ယခုနိုဝင်ဘာလ (ပထမပတ်)တွင် နှမ်းဆီနှင့် စားအုန်းဆီဈေးနှုန်းမှာဈေးတည်ငြိမ်၍ ပဲဆီ၊ ပဲရောဆီနှင့် နေကြာဆီဈေးနှုန်းများမှာ ဈေးအနည်းငယ်ကျ၍ အရောင်းအဝယ်ဖြစ်ကြောင်း၊ မြေပဲဆီဈေးကျဆင်းရခြင်းမှာ မြေပဲများလှိုင်လှိုင်ထွက်ချိန်သို့ရောက်ရှိခြင်း၊ မြေပဲအထွက်ကောင်းမွန်ခြင်းတို့ကြောင့် ကျဆင်းရခြင်း ဖြစ်ကြောင်း  သိရှိရပါသည်။

     ပခုက္ကူမြို့ရှိ စားသုံးသူများသည် မြေပဲဆီကိုသာ အဓိကစားသုံးမှုများပြီး လုပ်ငန်းရှင်များမှလည်း မြေပဲဆံ၊ မြေပဲဆီများ ထုတ်လုပ်ရောင်းဝယ်ဖောက်ကားလျက်ရှိပြီး မြန်မာနိုင်ငံနေရာဒေသ အနှံ့အပြားသို့ မြေပဲဆီများ ထုတ်လုပ်တင်ပို့ ရောင်းချဖြန့်ဖြူးလျက်ရှိကြောင်း သိရှိရသည်။

DOCA(မကွေး)