Main menu

အောင်လံကုန်စည်ဒိုင်၏ သီးနှံအရောင်းအဝယ်ဖြစ်မှုအခြေအနေ

Powered by Drupal

   မကွေးတိုင်းဒေသကြီး၊ အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် နှမ်းပြာမှာ (၄၅)ပိဿာ(၁)အိတ်လျှင် ယခင်အပတ်(၁-၁၁-၂၀၂၃)ရက်နေ့တွင် ကျပ်(၂၆၅၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်(၇-၁၁-၂၀၂၃)ရက်နေ့တွင် ကျပ်(၂၇၀၀၀၀)ဖြစ်၍ ကျပ်(၅၀၀၀)ဈေးမြင့်ခဲ့ပါသည်။ နှမ်းနက်(စမုံ) ယခင်အပတ်တွင် ကျပ်(၂၇၀၀၀၀-၃၁၀၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင်လည်း ကျပ်(၂၇၀၀၀၀-၃၁၀၀၀၀)၊ နှမ်းနီမှာ ယခင်အပတ်တွင် ကျပ် (၂၈၅၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၂၈၅၀၀၀)ဖြစ်ကြောင်း၊  နှမ်းဖြူမှာ ယခင်အပတ်တွင် ကျပ်(၃၀၀၀၀၀-၃၁၀၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင်လည်း ကျပ်(၃၀၀၀၀၀-၃၁၀၀၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ အရောင်းအဝယ်ပမာဏအနေဖြင့် (၄၅)ပိဿာဝင်အိတ်များဖြင့် နှမ်းနက်(စမုံ)(၁၁၅၀)အိတ်၊ နှမ်းနီ (၁၇၀) အိတ်၊ နှမ်းဖြူ(၁၃၀)အိတ်၊ နှမ်းပြာ(၂၁၀)အိတ်တို့ အရောင်းအဝယ်ရှိခဲ့ပါကြောင်း အောင်လံကုန်စည်ဒိုင်မှသိရှိရပါသည်။

   ပဲမျိုးစုံဈေးကွက်အနေဖြင့် ပဲကြီး(၂၀)ပိဿာဝင်(၁)တင်းလျှင် ယခင်အပတ်တွင် ကျပ်(၁၁၀၀၀၀-၁၁၅၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၁၂၂၀၀၀)ဖြစ်၍ ကျပ်(၇၀၀၀-၁၂၀၀၀)ဈေးနှုန်းမြင့်တက်ခဲ့ပါသည်။ ပဲတီစိမ်းမှာ  ယခင်အပတ်တွင် ကျပ်(၅၇၀၀၀)ဖြစ်ခဲံပြီး ယခုအပတ်တွင် ကျပ်(၅၃၅၀၀) ဖြစ်၍ ကျပ်(၃၅၀၀) ဈေးနှုန်းလျော့နည်းခဲ့ကြောင်း၊ ကုလားပဲ(H-L)မှာ ယခင်အပတ်တွင် ကျပ်(၉၁၅၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၉၁၅၀၀)ဖြစ်ကြောင်း၊ ကုလားပဲ (မြကြေး) မှာ ယခင်အပတ်တွင် ကျပ်(၉၀၅၀၀) ဖြစ်ခဲ့ပြီး ယခုအပတ်တွင်လည်း ကျပ်(၉၀၅၀၀)ဖြစ်ကြောင်း၊ မတ်ပဲမှာ ယခင်အပတ်တွင် ကျပ်(၉၀၀၀၀)ဖြစ်ခဲံပြီး ယခုအပတ်တွင်လည်း ကျပ်(၉၀၀၀၀) ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ  အရောင်းအဝယ်ပမာဏအနေဖြင့်  (၃၀)ပိဿာဝင်အိတ်များဖြင့် မတ်ပဲ(၁၃၀)အိတ်၊ ကုလားပဲ(H-L)(၇၀၀)အိတ်၊ ကုလားပဲ(မြကြေး)(၃၅၀)အိတ်၊ ပဲကြီး(၂၈၀)အိတ်၊ ပဲတီစိမ်း(၉၀၀)အိတ်တို့ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရပါသည်။

     မြေပဲလုံးဆံဖြူအနေဖြင့်(၁)ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၅၆၀၀-၅၈၀၀)ဖြစ်ခဲံပြီး ယခုအပတ်တွင် ကျပ်(၅၆၀၀-၅၉၀၀)ဖြစ်၍ ကျပ်(၁၀၀)ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း၊ မြေပဲလုံးဆံနီ(၁)ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၅၇၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ် (၅၇၀၀-၆၀၀၀)ဖြစ်၍ ကျပ်(၃၀၀)ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း၊ မြေပဲတောင့်အစို(၁)တင်းလျှင် ယခင်အပတ်တွင်  ကျပ်(၁၃၀၀၀-၁၉၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ် (၂၂၀၀၀-၂၃၀၀၀)ဖြစ်၍ ကျပ်(၄၀၀၀-၉၀၀၀)စသည်ဖြင့် အသီးသီးဈေးနှုန်းမြင့်တက်ခဲ့ပြီး အရောင်းအဝယ်ပမာဏအနေဖြင့် (၃၀)ပိဿာဝင်အိတ်များဖြင့် မြေပဲလုံးဆံဖြူ(၆၅၀၀)အိတ်၊ မြေပဲလုံးဆံနီ(၃၀၀)အိတ်၊ မြေပဲတောင့်အစိုတင်း(၄၃၀၀)ခန့်အရောင်းအဝယ်ရှိခဲ့ပါကြောင်း၊ အပတ်စဉ်ပုံမှန် ရန်ကုန်မြို့နှင့်မန္တလေးမြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ဝါသီးနှံမှာ ယခင်အပတ်တွင်  ကျပ်(၂၈၅၀-၂၉၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၂၈၀၀-၂၉၀၀)ဖြစ်၍ ကျပ်(၅၀)ဈေးနှုန်းလျော့နည်းခဲ့ပြီး  ဝါပိဿာချိန်(၁၆၀၀၀)ပိဿာအရောင်းအဝယ်ရှိခဲ့ပါကြောင်း အောင်လံကုန်စည်ဒိုင်မှသိရှိရပါသည်။

DOCA(မကွေး)