စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏အစီအစဉ်ဖြင့် ကန့်ဘလူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တာဝန်ရှိသူများ၏ကြီးကြပ်မှုတို့ဖြင့် ဆီကုန်သည်များနှင့်ပူးပေါင်း၍ (၇-၁၁-၂၀၂၃) ရက်နေ့၊ နံနက် (၀၇:၀၀) နာရီအချိန်တွင် ကန့်ဘလူမြို့၊ စည်ပင်သာယာခန်းမ၌ စားအုန်းဆီများကို ကန့်ဘလူမြို့ပေါ်ရပ်ကွက်ရှိ ပြည်သူများအား ဈေးနှုန်းသက်သာစွာရောင်းချပေးခဲ့ကြောင်းသိရှိရပါသည်။
အဆိုပါ စားအုန်းဆီများရောင်းချပေးရာတွင် ပြည်သူများ သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများဝယ်ယူရရှိစေရန် လူတစ်ဦးလျှင် (၅၀)ကျပ်သားကို ၂၆၀၀ကျပ်ဖြင့် ပြည်သူများ လက်ဝယ်အရောက် ရောင်းချပေးခဲ့ပြီး လူဦးရေ(၁၅၅၀)ဦးအတွက် စားအုန်းဆီ ၇၇၅ပိဿာရောင်းချပေးခဲ့ကြောင်း ဆီလုပ်ငန်းရှင်ထံမှသိရှိရပါသည်။
DOCA(စစ်ကိုင်း)