Main menu

သိမ်ဖြူဈေးတွင်ဖြစ်ပေါ်ခဲ့သော ကြက်သွန်ဖြူ၊ ကြက်သွန်နီ လက်ကားဈေးနှုန်းများ

Powered by Drupal

   ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူဈေးကြီးသို့ ဘုရင့်နောင်ကုန်စည်ဒိုင်နှင့် ရှမ်းပြည်နယ်တို့မှ ကြက်သွန်ဖြူ၊ ကြက်သွန်နီများမှာ ကား/ရထားတို့ဖြင့် နေ့စဉ်ဝင်ရောက်လျက်ရှိပြီး လက်လီ/လက်ကားပြန်လည်ရောင်းချလျက်ရှိရာ (၂-၁၁-၂၀၂၃) ရက်နေ့မှ (၈-၁၁-၂၀၂၃) ရက်နေ့ ပထမပတ်အတွင်း ကြက်သွန်နီ(ဆိပ်ဖြူ) အဝင် ၃၂၅၀၀ပိဿာနှင့် ကြက်သွန်ဖြူ (ကြူကုတ်) ၆၀၅၀ပိဿာဝင်ရောက်ခဲ့ကြောင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ) လက်ကားဈေးမှာ တစ်ပိဿာလျှင် ၃၀၀၀/-ကျပ်မှ ၄၂၀၀/-ကျပ်အထိဖြစ်ပြီး ကြက်သွန်ဖြူ (ကြူကုတ်) လက်ကားဈေးမှာ တစ်ပိဿာလျှင် ၁၂၀၀၀/-ကျပ်မှ ၁၆၀၀၀/-ကျပ်အထိဖြစ်ပေါ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)