Main menu

ဘုရင့်နောင်ကုန်စည်ဒိုင်တွင်ဖြစ်ပေါ်ခဲ့သော အခြေခံစားသောက်ကုန်ဈေးနှုန်းများ

Powered by Drupal

      ရန်ကုန်တိုင်းဒေသကြီး၊ ဘုရင့်နောင်ကုန်စည်ဒိုင်၌ (၂-၁၁-၂၀၂၃) ရက်နေ့မှ (၈-၁၁-၂၀၂၃) ရက်နေ့အတွင်း ဖြစ်ပေါ်ခဲ့သောအခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ ကြက်သွန်ဖြူ(ကြူကုတ်-ရှယ်) ၁ပိဿာလျှင် အမြင့်ဈေး ၁၄၅၀၀/-ကျပ်မှ အနိမ့်ဈေး ၁၂၅၀၀/-ကျပ်အထိလည်းကောင်း၊ ကြက်သွန်ဖြူ (အောင်ပန်း ထူး-၂) ၁ပိဿာလျှင် ၁၁၀၀၀/-ကျပ်ဖြင့်လည်းကောင်း၊ ကြက်သွန်ဖြူ (အောင်ပန်း ထူး-၃) ၁ပိဿာလျှင် ၁၁၅၀၀ကျပ်ဖြင့်လည်းကောင်း၊ ကြက်သွန်ဖြူ (အောင်ပန်း ထူး-၄) ၁ပိဿာလျှင် ၁၂၀၀၀/-ကျပ်ဖြင့်လည်းကောင်း၊ ကြက်သွန်ဖြူ (အောင်ပန်း ထူး-၅) ၁ပိဿာလျှင် ၁၂၅၀၀/-ကျပ်ဖြင့်လည်းကောင်း၊ ငရုတ်သီး (ဆင်ဖြူကျွန်း-ပု) ၁ပိဿာလျှင် ၁၄၀၀၀/-ကျပ်မှ ၁၆၀၀၀/-ကျပ်အထိလည်းကောင်း၊ ငရုတ်သီး (အိမ်မဲ-ရှည်) ၁ပိဿာလျှင် ၆၀၀၀/-ကျပ်မှ ၇၀၀၀/-ကျပ်အထိလည်းကောင်း၊ ငရုတ်သီး (ပန်းရဲ-သစ်) ၁ပိဿာလျှင် ၇၀၀၀/-ကျပ်မှ ၉၀၀၀/-ကျပ်အထိလည်းကောင်း၊ မန်ကျည်းသီး (ကပ်ပွင့်) ၁ပိဿာလျှင် ၁၁၅၀/-ကျပ်မှ ၁၂၅၀/-ကျပ်အထိလည်းကောင်း၊ မန်ကျည်းသီး (အသား) ၁ပိဿာလျှင် ၁၉၀၀/-ကျပ်မှ ၂၅၀၀/-ကျပ်အထိလည်းကောင်း၊ ကြံသကာ (အိတ်သွတ်စ) ၁ပိဿာလျှင် ၄၀၀၀/-ကျပ်မှ ၄၂၀၀/-ကျပ်အထိလည်းကောင်း၊ သကြား (ပြည်တွင်း) ၁ပိဿာလျှင် ၃၇၈၀/-ကျပ်မှ ၃၈၂၀/-ကျပ်အထိလည်းကောင်း၊ ထန်းလျက် (တောင်သာ) ၁ပိဿာလျှင် ၃၈၅၀/-ကျပ်မှ ၃၉၀၀/-ကျပ်အထိလည်းကောင်း၊ ထန်းလျက် (ညောင်ဦး) ၁ပိဿာလျှင် ၄၃၀၀/-ကျပ်မှ ၄၅၀၀/-ကျပ်အထိလည်းကောင်း၊ ရေစကြိုထန်းလျက် ၁ပိဿာလျှင် ၅၅၀၀/-ကျပ်မှ ၅၆၀၀/-ကျပ်အထိလည်းကောင်း၊ အာလူး (တရုတ်) ၁ပိဿာလျှင် ၃၈၀၀/-ကျပ်ဖြင့်လည်းကောင်း၊ ကြက်သွန်နီ (ဆိပ်ဖြူ) ၁ပိဿာလျှင် ၂၈၀၀/-ကျပ်မှ ၃၈၀၀/-ကျပ်အထိလည်းကောင်း အသီးသီးဖြစ်ပေါ်ခဲ့ပြီး ထန်းလျက်၊ ကြံသကာများမှာ အနည်းငယ်ဈေးတက်၍ ကြက်သွန်ဖြူ (ကြူကုတ်)၊ အာလူး(တရုတ်) နှင့် ကြက်သွန်နီ (ဆိတ်ဖြူ) တို့မှာ ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်းနှင့် အခြားအခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ အနည်းငယ်သာအတက်အကျဖြစ်ပေါ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)