Main menu

ဘုရင့်နောင်ကုန်စည်ဒိုင်တွင်ဖြစ်ပေါ်ခဲ့သော ရေထွက်ကုန်ပစ္စည်းဈေးနှုန်းများ

Powered by Drupal

       ရန်ကုန်တိုင်းဒေသကြီး၊ ဘုရင့်နောင်ကုန်စည်ဒိုင်၌ (၂-၁၁-၂၀၂၃) ရက်နေ့မှ (၇-၁၁-၂၀၂၃) ရက်နေ့အတွင်း ဖြစ်ပေါ်ခဲ့သောပုစွန်ခြောက်ဈေးနှုန်းများမှာ ဖျာပုံရွှေပုစွန် (ရှယ်) ၁ပိဿာလျှင် ၇၀၀၀၀/-ကျပ်မှ ၈၅၀၀၀/-ကျပ်အထိလည်းကောင်း၊ ဖျာပုံရွှေပုစွန် (ရိုးရိုး) ၁ပိဿာလျှင် ၆၀၀၀၀/-ကျပ်မှ ၆၅၀၀၀/-ကျပ်အထိလည်းကောင်း၊ ဖျာပုံချိုကြီး (ရှယ်) ၁ပိဿာလျှင် ၅၀၀၀၀/-ကျပ်မှ ၅၂၀၀၀/-ကျပ်အထိလည်းကောင်း၊ ဖျာပုံချိုသေး (ရှယ်) ၁ပိဿာလျှင် ၄၀၀၀၀/-ကျပ်မှ ၄၂၀၀၀/-ကျပ်အထိလည်းကောင်း၊ ဖျာပုံချိုသေး (ရိုးရိုး) ၁ပိဿာလျှင် ၂၅၀၀၀/-ကျပ်မှ ၂၈၀၀၀/-ကျပ်အထိလည်းကောင်း၊ ရခိုင်ရွှေပုစွန် (ရှယ်) ၁ပိဿာလျှင် ၅၀၀၀၀/-ကျပ်မှ ၆၀၀၀၀/-ကျပ်အထိလည်းကောင်း၊ ရခိုင်ရွှေပုစွန် (ရိုးရိုး) ၁ပိဿာလျှင် ၄၀၀၀၀/-ကျပ်မှ ၄၃၀၀၀/-ကျပ်အထိဖြစ်ပေါ်ခဲ့ပြီး ဈေးနှုန်းအနည်းငယ်ကျဆင်းလျက်ရှိကြောင်းသိရှိရပါသည်။

     ရေချိုငါးခြောက်ဈေးနှုန်းများမှာ ငါးကျဉ်းကြပ်တိုက် (ကြီး) ၁ပိဿာလျှင် ၆၀၀၀၀/-ကျပ်မှ ၆၅၀၀၀/-ကျပ်အထိလည်းကောင်း၊ ငါးကျဉ်းကြပ်တိုက် (သေး) ၁ပိဿာလျှင် ၄၀၀၀၀/-ကျပ်မှ ၄၅၀၀၀/-ကျပ်အထိလည်းကောင်း၊ ငါးမွေထိုးခြောက် ၁ပိဿာလျှင် ၂၅၀၀၀/-ကျပ်မှ ၂၇၀၀၀/-ကျပ်အထိလည်းကောင်း၊ ငါးရံ့ခြောက် (ကြီး) ၁ပိဿာလျှင် ၆၀၀၀၀/-ကျပ်မှ ၆၃၀၀၀/-ကျပ်အထိလည်းကောင်း၊ ငါးရံ့ခြောက် (လတ်) ၁ပိဿာလျှင် ၄၀၀၀၀/-ကျပ်မှ ၄၃၀၀၀/-ကျပ်အထိလည်းကောင်း၊ ငါးရံ့လုံးခြောက် ၁ပိဿာလျှင် ၂၅၀၀၀/-ကျပ်မှ ၂၈၀၀၀/-ကျပ်အထိရှိခဲ့ပြီး ဈေးနှုန်းများမှာ အနည်းငယ်ကျဆင်းလျက်ရှိကြောင်းသိရှိရပါသည်။

  ရေငံငါးခြောက်ဈေးနှုန်းများအနေဖြင့် ကလိန်ခြောက် ၁ပိဿာလျှင် ၉၀၀၀/-ကျပ်မှ ၉၅၀၀/-ကျပ်အထိလည်းကောင်း၊ ငါးကွမ်းရှပ် ၁ပိဿာလျှင် ၂၀၀၀၀/-ကျပ်မှ ၂၂၀၀၀/-ကျပ်အထိလည်းကောင်း၊ ငါးတံခွန် (မျင်းကြီး) ၁ပိဿာလျှင် ၄၀၀၀၀/-ကျပ်မှ ၄၃၀၀၀/-ကျပ်အထိလည်းကောင်း၊ ငါးတံခွန် (လုံး) ၁ပိဿာလျှင် ၂၀၀၀၀/-ကျပ်မှ ၂၃၀၀၀/-ကျပ်အထိလည်းကောင်း၊ ငါးနှပ်ချိုခြောက် ၁ပိဿာလျှင် ၁၅၀၀၀/-ကျပ်မှ ၁၈၀၀၀/-ကျပ်အထိလည်းကောင်း၊ ငါးပုတ်သင်ခြောက် ၁ပိဿာလျှင် ၈၀၀၀/-ကျပ်မှ ၁၀၀၀၀/-ကျပ်အထိလည်းကောင်း၊ ငါးရောင်ခြောက် (ကြီး) ၁ပိဿာလျှင်မှ ၃၀၀၀၀/-ကျပ်မှ ၃၃၀၀၀/-ကျပ်အထိလည်းကောင်း၊ ငါးရောင် (လတ်) ၁ပိဿာလျှင် ၂၅၀၀၀/-ကျပ်မှ ၂၈၀၀၀/-ကျပ်အထိလည်းကောင်း၊ ဆီးငါးရောင်ခြောက် ၁ပိဿာလျှင် ၂၅၀၀၀/-ကျပ်မှ ၂၈၀၀၀/-ကျပ်အထိလည်းကောင်း၊ ငါးမြီးတံသွယ် ၁ပိဿာလျှင် ၄၀၀၀/-ကျပ်မှ ၄၅၀၀/-ကျပ်အထိလည်းကောင်း၊ ငါးရွှေ (ကြီး) ၁ပိဿာလျှင် ၁၅၀၀၀/-ကျပ်မှ ၁၈၀၀၀/-ကျပ်အထိလည်းကောင်း၊ ငါးရွှေ (သေး) ၁ပိဿာလျှင် ၈၀၀၀/-ကျပ်မှ ၉၀၀၀/-ကျပ်အထိလည်းကောင်း၊ ငါးပူစီ ၁ပိဿာလျှင် ၅၅၀၀/-ကျပ်မှ ၆၀၀၀/-ကျပ်အထိ စသည်ဖြင့်ဈေးနှုန်းအသီးသီးဖြစ်ပေါ်ခဲ့ပြီး ၎င်းဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။

 

DOCA(ရန်ကုန်)