Main menu

တောင်ငူမြို့တွင် ငါးခူနှင့်ပုဇွန်အကောင်ကြီး ဈေးအနည်းငယ်မြင့်တက်

Powered by Drupal

     တောင်ငူမြို့ ညောင်ပင်ဈေးရှိ သားငါးဆိုင်များတွင် ကြက်သား (အိမ်မွေးကြက်)မှာ အကောင်လိုက်ဈေး ၁၇၀၀၀ ကျပ်၊ အခြမ်းလိုက်ဈေး ၂၀၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး စီပီကြက်မှာ ယခင်လက တစ်ပိဿာလျှင် အကောင်လိုက်ဈေး ၈၀၀၀ ကျပ်၊ အခြမ်းလိုက်ဈေး ၁၀၀၀၀ ကျပ်၊ ရင်အုပ်သား ၁၁၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် အခြမ်းလိုက်ဈေး ၁၁၀၀၀ ကျပ်နှင့် ရင်အုပ်သား ၁၂၀၀၀ ကျပ်ဖြင့် ဈေးအနည်းငယ်မြင့်တက်ခဲ့ပါသည်။

    ဝက်သား(ရေလွတ်သား)မှာ ယခင်အပတ်က သုံးထပ်သား တစ်ပိဿာလျှင် ၁၆၀၀၀ ကျပ်၊ ပေါင်သားမှာ တစ်ပိဿာလျှင် ၁၇၀၀၀ ကျပ်၊ အသားသီးသန့်မှာ တစ်ပိဿာလျှင် ၁၈၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် သုံးထပ်သား ၁၇၀၀၀ ကျပ်၊ ပေါင်သား ၁၈၀၀၀ ကျပ်နှင့် အသားသီးသန့် ၂၀၀၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်ခဲ့ပါသည်။

     ငါးကြင်းမှာ ယခင်အပတ်က အကောင်လိုက်ဈေး တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်၊ အခြမ်းလိုက်ဈေး ၁၂၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် အကောင်းလိုက်ဈေး ၈၀၀၀ ကျပ်၊ အခြမ်းလိုက်ဈေး ၁၀၀၀၀ ကျပ်၊  ငါးကြင်းဖြူမှာ ယခင်အပတ်က အကောင်လိုက်ဈေး တစ်ပိဿာလျှင် ၁၈၀၀၀ ကျပ်၊ အခြမ်းလိုက်ဈေး တစ်ပိဿာလျှင် ၂၂၀၀၀ ကျပ် ရှိရာမှ ယခုအပတ်တွင် အကောင်လိုက်ဈေး တစ်ပိဿာလျှင် ၁၇၀၀၀ ကျပ်၊ အခြမ်းလိုက်ဈေး တစ်ပိဿာလျှင် ၂၀၀၀၀ ကျပ်ဖြင့် ဈေးနှုန်း အနည်းငယ်ကျဆင်းခဲ့ပါသည်။

      ငါးရံ့မှာ တစ်ပိဿာလျှင် အသေး ၁၂၀၀၀ ကျပ်၊ အလတ် ၁၄၀၀၀ ကျပ်နှင့် အကြီး ၁၆၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး ငါးခူမှာ ယခင်အပတ်က တစ်ပိဿာလျှင် အသေး ၁၂၀၀၀ ကျပ်၊ အလတ် ၁၄၀၀၀ ကျပ်၊ အကြီး ၁၆၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် အသေး ၁၄၀၀၀ ကျပ်၊ အလတ် ၁၆၀၀၀ ကျပ်၊ အကြီး ၁၈၀၀၀ ကျပ်ဖြင့် ဈေးနှုန်း အနည်းငယ်မြင့်တက်ခဲ့ ပါသည်။

   ပုဇွန်ဆိတ် တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်၊ ပုဇွန်ကျော့မှာ တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်၊ ပုဇွန်အသေးမှာ တစ်ပိဿာလျှင် ၂၄၀၀၀ ကျပ်၊ ပုဇွန်အလတ်မှာ တစ်ပိဿာလျှင် ၂၆၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး ပုဇွန်အကြီးမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၂၈၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၃၀၀၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)