Main menu

တောင်ငူမြို့တွင် ဟင်းသီးဟင်းရွက်အချို့ ဈေးအတက်အကျရှိ

Powered by Drupal

     တောင်ငူမြို့ ညောင်ပင်လေးဈေးရှိ ဟင်းသီးဟင်းရွက်ဈေးတွင် ငရုပ်သီးစိမ်း (ကျောက် စိမ်းသီး)မှာ တစ်ပိဿာလျှင် ၂၀၀၀ ကျပ်မှ ၂၅၀၀ ကျပ်၊ ငရုပ်သီးစိမ်း (မိုးထောင်သီး)မှာ တစ်ပိဿာ လျှင် ၃၀၀၀ ကျပ်မှ ၃၅၀၀ ကျပ်၊ ငရုတ်သီးစိမ်း(ကုလားအော်သီးမှာ)  တစ်ပိဿာလျှင် ၄၀၀၀ ကျပ်မှ ၅၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

      ခရမ်းသီး (အဖြူ)မှာ ယခင်အောက်တိုဘာလလယ်ပိုင်းက တစ်ပိဿာလျှင် ၁၀၀၀ ကျပ်မှ ၁၂၀၀ ကျပ် အထိ ရှိရာမှ ယခုနိုဝင်ဘာလ လဆန်းပိုင်းတွင် တစ်ပိဿာလျှင် ၁၅၀၀ ကျပ်မှ ၁၈၀၀ ကျပ်ဖြင့် ဈေးနှုန်း အနည်းငယ်မြင့်တက်ခဲ့ပြီး ခရမ်းသီး(အညို)မှာ  တစ်ပိဿာလျှင်  ၁၆၀၀ ကျပ်မှ ၂၀၀၀ ကျပ်အထိဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

   ဒေသသခွားသီးမှာ ယခင်အောက်တိုဘာလလယ်ပိုင်းက တစ်ပိဿာလျှင် ၁၀၀၀ ကျပ်မှ ၁၂၀၀ ကျပ်ရှိရာ မှ ယခုနိုဝင်ဘာလ လဆန်းပိုင်းတွင် တစ်ပိဿာလျှင် ၁၃၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်တက်ပြီး ရှမ်းပြည် သခွားသီးမှာ တစ်ပိဿာလျှင် ၁၃၀၀ ကျပ်မှ ၁၅၀၀  ကျပ်အထိဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

      ခရမ်းချဉ်သီး(ရှမ်းပြည်သီး)မှာ ယခင်အောက်တိုဘာလလယ်ပိုင်းက တစ်ပိဿာလျှင် ၁၀၀၀ ကျပ်မှ ၁၅၀၀ ကျပ်ရှိရာမှ ယခုနိုဝင်ဘာ လဆန်းပိုင်းတွင် တစ်ပိဿာလျှင် ၁၃၀၀ ကျပ်မှ ၁၇၀၀ ကျပ်အထိ ဈေးနှုန်း အနည်းငယ်တက်ပြီး ခရမ်းချဉ်သီး (ဒေသသီး)မှာ ယခင်အောက်တိုဘာလလယ်ပိုင်းက တစ်ပိဿာလျှင် ၂၈၀၀ ကျပ်မှ ၃၂၀၀ ကျပ်ရှိပြီး ယခုနိုဝင်ဘာ လဆန်းပိုင်းတွင် တစ်ပိဿာလျှင် ၂၅၀၀ ကျပ်မှ ၃၀၀၀ ကျပ်အထိဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းပါသည်။

   နံနံပင်မှာ ယခင်အောက်တိုဘာလလယ်ပိုင်းက တစ်ဆယ်ကျပ်သားလျှင် ၁၀၀၀ ကျပ်ရှိရာမှ ယခုနိုဝင်ဘာ လဆန်းပိုင်းတွင် ၂၀၀၀ ကျပ်ဖြင့် ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း၊ မုန်ညင်းဖြူမှာ ယခင်အောက်တိုဘာလလယ်ပိုင်းက တစ်ပိဿာလျှင် ၃၀၀၀ ကျပ်မှ ၃၅၀၀ ကျပ်ရှိရာမှ ယခုနိုဝင်ဘာ လဆန်းပိုင်းတွင် တစ်ပိဿာလျှင် ၂၅၀၀ ကျပ်ဖြင့် ဈေးနှုန်းကျဆင်းခဲ့ကြောင်း၊  မုံလာဥဖြူမှာ ယခင်အောက်တိုဘာလလယ်ပိုင်းက တစ်ပိဿာလျှင် ၂၅၀၀ ကျပ်မှ ၃၀၀၀ ကျပ်ရှိရာမှ ယခုနိုဝင်ဘာ လဆန်းပိုင်းတွင် တစ်ပိဿာလျှင် ၁၈၀၀ ကျပ်မှ ၂၀၀၀ ကျပ်ဖြင့် ဈေးနှုန်းကျဆင်းခဲ့ကြောင်း၊ မုံလာဥနီမှာ ယခင်အောက်တိုဘာလလယ်ပိုင်းက တစ်ပိဿာလျှင် ၃၀၀၀ ကျပ်မှ ၅၀၀၀ ကျပ်ရှိရာမှ ယခုနိုဝင်ဘာ လဆန်းပိုင်းတွင် တစ်ပိဿာလျှင် ၂၅၀၀ ကျပ်မှ ၄၀၀၀ ကျပ်အထိ ဖြင့် ဈေးနှုန်းအသီးသီး ကျဆင်းခဲ့ကြောင်း သိရပါသည်။

     ထို့အပြင် ကန်စွန်းရွက်မှာ တစ်စည်း ၂၀၀ ကျပ်၊ ၁၀ စည်းယူလျှင် ၁၈၀၀ ကျပ်၊ ချဉ်ပေါင်ရွက်မှာ တစ်စည်း ၁၀၀ ကျပ်၊ ၁၀ စည်းယူလျှင် ၇၀၀ ကျပ်၊ ကင်မွန်းချဉ်ရွက်မှာ တစ်စည်းလျှင် ၂၅၀ ကျပ်၊ ၁၀ စည်းယူလျှင် ၂၃၀၀ ကျပ်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)