Main menu

တောင်ငူမြို့ ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများ တိုက်ရိုက်အရောင်းဈေးတွင် သက်သာသောဈေးနှုန်းဖြင့် ရောင်းချ

Powered by Drupal

  ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ တောင်ငူမြို့ ဘုရင့်နောင်ဈေးအနီးတွင် ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများက တိုက်ရိုက်အရောင်းဈေးဖွင့်လှစ်၍ သားငါးနှင့် ဟင်းသီးဟင်းရွက် များကို သင့်တင့်သောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိရာ မည်သူမဆို လွတ်လပ် စွာလာရောက် ဝယ်ယူနိုင်ပါသည်။

    နိုဝင်ဘာလ ၃ ရက်နေ့တွင် မွေးမြူရေးထုတ်ကုန်လုပ်ငန်းရှင်များက ကြက်သား တစ်ပိဿာလျှင် ၈၀၀၀ ကျပ်၊ ဝက်သား တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်ဖြင့် ရောင်းချပေးလျက်ရှိပါသည်။

  တစ်ပိုင်တစ်နိုင်စိုက်ပျိုးသူများက သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များကို ရောင်းချပေးလျက်ရှိရာ ခရမ်းချဉ်သီး တစ်ပိဿာလျှင် ၁၂၀၀ ကျပ်မှ ၁၄၀၀ ကျပ်အထိ၊ ဂေါ်ဖီ တစ်ပိဿာ ၁၂၀၀ ကျပ်၊ သခွားသီးတစ်ပိဿာ ၁၂၀၀ ကျပ်၊ ခရမ်းသီး တစ်ပိဿာ ၁၀၀၀ ကျပ်၊ ပဲဇောင်းလျားသီး တစ် ပိဿာ ၂၀၀၀ ကျပ်၊ ကြက်ဟင်းခါးသီး တစ်ပိဿာ ၂၀၀၀ ကျပ်၊ ပန်းဂေါ်ဖီမှာ အရွယ်အစားအလိုက် တစ်လုံးလျှင် ၅၀၀ ကျပ်မှ ၁၀၀၀ ကျပ်အထိ၊ သံပုရာသီး တစ်လုံး ၂၀၀ ကျပ်ဖြင့် ရောင်းချပေး လျှက်ရှိပါသည်။

  ထို့အတူ ရုံးပတီသီး၊ ပဲသီး၊ ဂေါ်ရခါးညွန့်၊ သပွတ်ညွန့်၊ နံနံပင်၊ ကန်စွန်းရွက်၊ ကင်မွန်းချဉ်ရွက် စသည့်ဟင်းသီးဟင်းရွက်များကိုလည်း ရောင်းချပေးလျက်ရှိရာ စိုက်ခင်းများမှ တိုက်ရိုက် လာရောက်ရောင်းချခြင်းဖြစ်သဖြင့် လတ်ဆတ်သည့်အပြင် ဈေးနှုန်းလည်းချိုသာသဖြင့် ဝယ်ယူအားပေးလျက်ရှိကြောင်းနှင့် တိုက်ရိုက်အရောင်းဈေးသို့ သက်ဆိုင်ရာဌာနဆိုင်ရာများက ကြီးကြပ်၍ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးကြောင်း သိရပါသည်။

DOCA(ပဲခူး)