Main menu

ကန့်ဘလူ၊ ကျွန်းလှမြို့တို့၌ နိုဝင်ဘာဘာလ ဒုတိယ အပတ်တွင် ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

Powered by Drupal

    ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ဒုတိယအပတ်အတွင်း ကန့်ဘလူ၊ ကျွန်းလှမြို့တို့တွင် အခြေခံစားကုန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း တစ်ပြည် (၅၂၀၀)ကျပ်၊ ဧရာမင်း တစ်ပြည် (၅၅၀၀) ကျပ်ဖြင့်တည်ငြိမ်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ကြက်သွန်နီလက်လီဈေးမှာအကြီး/ အသေး ပေါ်မူတည်၍ ပိဿာလျှင်(၃၅၀၀)ကျပ် ၊ ကြက်သွန်ဖြူ လက်လီဈေးမှာ(ဗမာ) အလုံးကြီး တစ်ပိဿာ (၁၅၀၀၀)ကျပ် ၊ အလုံးသေး တစ်ပိဿာ (၁၂၀၀၀)ကျပ် ၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာ (၁၅၀၀၀) ကျပ် ၊ဂျင်းတစ်ပိဿာလျှင် (၉၀၀၀) ကျပ်၊ ငရုတ်သီးခြောက် တစ်ပိဿာ (၁၈၀၀၀)ကျပ် ၊ အာလူးအသေး/အကြီးအမျိုးအစားအလိုက် တစ်ပိဿာ (၃၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

      ငရုတ်သီးစိမ်း တစ်ပိဿာ (၄၀၀၀)ကျပ် ၊ ခရမ်းချဉ်သီး တစ်ပိဿာအကြီး/ အသေးပေါ် မူတည်ပြီး (၂၀၀၀)ကျပ် ၊ ခရမ်းသီး  တစ်ပိဿာ (၂၀၀၀) ကျပ် ၊ ပန်းဂေါ်ဖီ တစ်ပွင့်  (၂၀၀၀) ကျပ် ၊ ဂေါ်ဖီထုပ် တစ်ထုပ်လျှင် (၁၈၀၀) ကျပ် ၊ ခါကြက်ဥ(တရုတ်) တစ်ပိဿာ (၅၀၀၀)ကျပ် ၊ ခါကြက်ဥ (ဗမာ) တစ်ပိဿာလျှင် (၃၅၀၀)ကျပ် ၊ သံပုရာသီး တစ်လုံးလျှင် (၅၀) ကျပ်မှ (၁၀၀) ကျပ် ၊ ကန်ဇွန်းရွက် တစ်စည်းလျှင် (၁၅၀) ကျပ်၊ ပဲတောင့်ရှည် တစ်စည်းလျှင် (၃၀၀)ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည် ။

       ကြက်ဥ လက်လီဈေးနှုန်းမှာ (အကြီး)တစ်လုံး (၂၅၀)ကျပ်၊ (အသေး)တစ်လုံး (၂၂၀) ကျပ် ၊ ဘဲဥ တစ်လုံ (၂၈၀)ကျပ်ရှိသည်။  ကန့်ဘလူ၊ ကျွန်းလှမြို့တို့၏ အသား /ငါး ဈေးနှုန်းများမှာ ကြက်သား(cp)တစ်ပိဿာ (၁၂၀၀၀) ကျပ် ၊ ကြက်သား(ဗမာ)တစ် ပိဿာ (၁၂၅၀၀)ကျပ်  ၊ ဝက်သား တစ်ပိဿာ (၁၆၀၀၀) ကျပ် ၊ အမဲသား တစ်ပိဿာ(၁၃၀၀၀) ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း တွေ့ရှိရပါသည်။ ငါးကြင်း အကောင်လိုက် တစ် ပိဿာ (၉၀၀၀)ကျပ်၊ ငါးကြင်းခုတ်သားဈေးမှာ တစ် ပိဿာ (၁၆၀၀၀)ကျပ်၊ တီလားဗီးယားငါး အသေး တစ် ပိဿာ (၇၀၀၀)ကျပ် ၊ အကြီး တစ်ပိဿာ (၁၀၀၀၀)ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

       စားသုံးဆီဈေးနှုန်းမှာ မြေပဲဆီသန့် တစ်ပိဿာလျှင် (၁၄၀၀၀)ကျပ် ၊စားအုန်းဆီတစ်  ပိဿာလျှင် (၅၂၀၀) ကျပ် ဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

      နိုဝင်ဘာလ ဒုတိယအပတ်အတွင်း အခြေခံစားကုန်ဈေးနှုန်းများအား ယခင်အပတ် ဈေးနှုန်းများနှိုင်းယှဉ်ပါက အခြားအခြေခံစားကုန်ဈေးနှုန်းများ ကွာဟမှုမရှိကြောင်းနှင့် ကြက်သွန်နီ/ ကြက်သွန်ဖြူ/ ဂျင်းတက်၊  အာလူးဈေးများ  အနည်းငယ်မြင့်တက်ကာ  အသားဈေးများ တည်ငြိမ်လျက်ရှိနေပြီး ငါးဈေးနှုန်းများမှာ တီလားဘီးယားငါးဈေးမြင့်တက်လျက်ရှိကြောင်း ကန့်ဘလူမြို့ မဈေး ရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)