Main menu

မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ကြက်/ဘဲဈေးဒိုင်ဈေးနှုန်းဈေးကွက်

Powered by Drupal

     ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ကြီးကြပ်ကွက်ကဲမှုအောက်ရှိ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ အထက်ပုဇွန်တောင်လမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ကြက်/ဘဲဈေးဒိုင်အနေဖြင့် စားသုံးသူပြည်သူများအား နေ့စဉ် ကြက်/ဘဲများကို လက်လီ/လက်ကား ရောင်းချပေးလျက်ရှိကြောင်းသိရှိရပါသည်။

   ရန်ကုန်အရှေ့ပိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ကြက်/ဘဲဈေးဒိုင်တွင် ရောင်းချလျက်ရှိသောကြက်/ဘဲဈေးနှုန်းများအား ဈေးကွက်ဈေးနှုန်းစုံစမ်းခြင်းများပြုလုပ်ခဲ့ရာ ကြက်အရှင် အိမ်မွေးကြက် ၁ပိဿာလျှင် (၁၂၅၀၀/၁၃၀၀၀)ကျပ်၊ အသားတိုးကြက် ၁ပိဿာလျှင် (၅၆၀၀/၅၇၀၀) ကျပ်၊ မွေးမြူရေးကြက် (ထီး/မ) ၁ပိဿာလျှင်(၇၅၀၀/၉၀၀၀) ကျပ်၊ ဘဲအရှင် ၁ပိဿာလျှင် (၇၅၀၀/ ၇၆၀၀) ကျပ်၊ ချယ်ရီဘယ်ရီဘဲ ၁ပိဿာလျှင် (၉၀၀၀) ကျပ်တို့ဖြစ်ခဲ့ပြီး  (၆-၁၁-၂၀၂၃) ရက်နေ့တွင် ကုန်ချိန် (၆၂၂၀၀) ပိဿာခန့်အဝင်ရှိနေကြောင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ခြံဖမ်းဈေးစနစ်ဖြင့်လည်းကောင်း၊ အခြားတိုင်းနှင့် ပြည်နယ်များမှ အရောက်ပို့စနစ်ဖြင့်လည်းကောင်း တင်ပို့ရောင်းချလျက်ရှိရာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရပါသည်။

DOCA(ရန်ကုန်)