Main menu

ဒဂုံမြို့သစ်ခရိုင်အတွင်းရှိ စားအုန်းဆီဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (ဈေးများဌာန)၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့နှင့်ပူးပေါင်းကာ ဈေးကွက်အတွင်း ရောင်းချနေသောစားအုန်းဆီများနှင့်ပတ်သက်၍ စားအုန်းဆီများ ရည်ညွှန်းဈေးနှုန်းထက် ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချနေခြင်း၊ သိုလှောင်ထားခြင်း၊ အလေးအချိန်မှန်ကန်စွာရောင်းချခြင်းနှင့် စားသုံးသူပြည်သူတစ်ဦးလျှင် ၂၅ကျပ်သားသာရောင်းချနေခြင်းရှိ/မရှိတို့ကို စိစစ်ထိန်း ကျောင်းဆောင်ရွက်လျက်ရှိရာ (၅-၁၁-၂၀၂၃) ရက်နေ့တွင် ဦးနေလင်း (ဒု-ကြီးကြပ်ရေးမှူး) နှင့် ဦးမျိုးမင်းညွှန့် (အကြီးတန်းစာရေး) တို့က ဒဂုံမြို့သစ်ခရိုင်အတွင်းရှိ ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၈၈)ဈေးတွင်လည်းကောင်း၊ တောင်ဒဂုံမြို့နယ်၊  ဗဟိုရ်စည်ဈေးတွင်လည်းကောင်း၊ မြောက်ဒဂုံမြို့နယ်၊ ဗိုလ်မင်းရောင်ဈေးတွင်လည်းကောင်း၊ အရှေ့ဒဂုံမြို့နယ်၊ အမှတ်(၂)ဈေး တွင်လည်းကောင်း၊ စုစုပေါင်းဆိုင်ခန်း (၄)ဆိုင်တို့အား ကွင်းဆင်းစစ်ဆေးခဲ့ရာ စားအုန်းဆီ ၁ပိဿာကို (၄၈၀၀/ ၄၈၅၀/ ၄၉၀၀) ကျပ်နှုန်းဖြင့် (သယ်ယူစရိတ်အပေါ်မှုတည်၍) တစ်ဦးလျှင် ၅၀ကျပ်သား (သို့မဟုတ်) ၁ပိဿာစီကို စားသုံးသူများ၏ ဝယ်ယူမှု/လိုအပ်ချက်အပေါ်မှုတည်၍ ရောင်းချပေးနေကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)