
မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီရည်ညွှန်းလက်ကားစျေးနှုန်းများကို နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။
မကွေးမြို့နယ်တွင် စက်သုံးဆီဆိုင်(၂၃)ဆိုင်ရှိရာ ဆိုင်များအားလုံးပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ(စတုတ္တပတ်)နှင့် နိုဝင်ဘာလ(ပထမပတ်) စက်သုံးဆီစျေးနှုန်းများမှာ ဒီဇယ်(ရိုးရိုး)(၁)လီတာလျှင် အောက်တိုဘာလ နောက်ဆုံးပတ်တွင် ကျပ်(၂၃၅၅)ဖြစ်ခဲ့ပြီး နိုဝင်ဘာလ ပထမပတ်တွင် ကျပ်(၂၂၈၅) ဖြစ်၍ ကျပ်(၇၀)စျေးလျော့နည်းခဲ့ကြောင်း၊ ဒီဇယ် (ပရီမီယမ်)(၁)လီတာလျှင် ယခင်အပတ်တွင် ကျပ်(၂၄၆၅) ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၂၃၉၅)ဖြစ်၍ ကျပ်(၇၀)စျေးလျော့နည်းခဲ့ကြောင်း၊ ဓာတ်ဆီ (92) (၁)လီတာလျှင် ယခင်အပတ်တွင် ကျပ်(၂၁၁၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၂၁၂၅)ဖြစ်၍ ကျပ်(၁၅)စျေးလျော့နည်းခဲ့ကြောင်း၊ ဓာတ်ဆီ (95) (၁)လီတာလျှင် ယခင်အပတ်တွင် ကျပ်(၂၂၀၅)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ် (၂၂၃၅)ဖြစ်၍ ကျပ်(၃၀)စျေးလျော့နည်းခဲ့ကြောင်း စက်သုံးဆီအရောင်းဆိုင်များမှသိရှိရပါသည်။
DOCA(မကွေး)