Main menu

မကွေးမြို့နယ်၏ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးစျေးနှုန်းအခြေအနေ

Powered by Drupal

  မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်အတွင်း ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးကွက်မှာ ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(ပထမပတ်)တွင် အရောင်းအဝယ်ဖြစ်နေသော ဓာတ်မြေဩဇာများမှာ အာမို (၁၀:၁၀:၁၅) တစ်အိတ်လျှင် ကျပ်(၆၉၀၀၀)၊ အာမို(၁၅:၁၅:၁၅) တစ်အိတ်လျှင် ကျပ်(၁၅၅၀၀)၊ ရွှေကောမတ်(၂၀:၁၂:၁၂)တစ်အိတ်လျှင် ကျပ်(၁၀၈၀၀၀)၊ ယူရီးယား (50)kg တစ်အိတ်လျှင် ကျပ်(၇၉၀၀၀)၊ ပန်းဖူး(ပုလဲ)တစ်အိတ်လျှင် ကျပ်(၁၂၀၀၀၀)နှင့် ရွှေပုလဲ(မြင်းကျား)တစ်အိတ်လျှင် ကျပ် (၆၀၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရှိရပါသည်။

    ပိုးသတ်ဆေးများမှာလည်း  ပရိုမင်တင် (500 CC)တစ်ဘူးလျှင် ကျပ်(၂၅၀၀၀)၊ ဆလက်ပက်စ် (500 CC) တစ်ဘူးလျှင် ကျပ်(၂၁၅၀၀)၊ အီရာပရိုသရင် (500 CC) တစ်ဘူးလျှင် ကျပ်(၂၄၅၀၀)၊ ပိုစ်တင်(500 CC) တစ်ဘူးလျှင် ကျပ်(၁၇၅၀၀)၊ အဆီဖိတ် (250)g တစ်ထုပ်လျှင် ကျပ်(၉၀၀၀)၊ ဇိုင်ကလုံး (250 CC)တစ်ဘူးလျှင် ကျပ်(၉၀၀၀)နှင့် မက်ဆိုက်ပါ (250 CC)တစ်ဘူးလျှင် ကျပ်(၈၀၀၀)တို့ဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း စိုက်ပျိုးရေးဆေးဆိုင်များမှ လေ့လာသိရှိရပါသည်။

DOCA(မကွေး)