မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့မစည်ပင်ဈေးတွင် ပခုက္ကူမြို့နယ်အတွင်းရှိကျေးရွာများနှင့် ကမ္မ၊ မြစ်ခြေရှိနယ်များမှ ဟင်းသီးဟင်းရွက်ဈေးသည်များ၊ ပခုက္ကူကျွန်း၊ ရေတောင်ဘက်ရှိ မြင်းကျွန်း၊ လေးလံကျွန်း၊ ဘောလုံးခုံကျွန်းတို့မှ လာရောက်အရောင်းအဝယ်ဖြစ်နေကြောင်း မြို့မဈေးသည်များနှင့် အမှတ်(၂)ဈေးရှိဈေးသည်များထံမှသိရှိရပါသည်။
ယင်းဈေးများတွင် ရောင်းဝယ်နေသောကုန်စိမ်းသီးနှံများမှာ ခရမ်းသီး၊ ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်း၊ ပန်းဂေါ်ဖီ၊ ခဝဲသီး၊ ဂေါ်ဖီထုပ်၊ ဂေါရခါးသီးနှင့် အခြားသီးနှံများဖြစ်ပြီး ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(ပထမပတ်)တွင် ရောင်းချနေသောဈေးနှုန်းများမှာ ခရမ်းသီးတစ်ပိဿာလျှင် ကျပ်(၂၂၀၀-၂၅၀၀)၊ အာလူးတစ်ပိဿာလျှင် ကျပ်(၂၅၀၀-၂၆၀၀-၂၈၀၀)၊ ကြက်သွန်နီတစ်ပိဿာလျှင် ကျပ်(၂၈၀၀-၃၂၂၅)၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် ကျပ်(၁၄၀၀-၁၆၀၀)၊ ငရုတ်သီးစိမ်း (မိတ္ထီလာသီး) တစ်ပိဿာလျှင် ကျပ်(၃၀၀၀)၊ ငရုတ်သီးစိမ်း (ရွှေအပ်သီး) တစ်ပိဿာလျှင် ကျပ် (၄၀၀၀)၊ ငရုတ်သီးခြောက်တစ်ပိဿာလျှင် ကျပ် (၁၅၀၀၀-၁၆၀၀၀)၊ ကုလားပဲခြမ်းတစ်ပိဿာလျှင် ကျပ်(၇၄၀၀-၇၅၀၀)၊ ခဝဲသီးတစ်ပိဿာလျှင် ကျပ်(၈၀၀)၊ ပန်းဂေါ်ဖီမှာ အပွင့်အရွယ်အစားကိုလိုက်၍ တစ်ပွင့်လျှင် ကျပ်(၈၀၀-၁၀၀၀)၊ ဂေါ်ဖီတစ်ထုပ်လျှင် ကျပ်(၁၀၀၀-၁၂၀၀)၊ ဂေါ်ရခါးသီးတစ်လုံးလျှင် ကျပ်(၁၅၀)၊ ပဲတောင့်ရှည်တစ်ပိဿာလျှင် ကျပ်(၂၀၀၀-၂၂၀၀)၊ မုန်လာဥနီတစ်ပိဿာလျှင် ကျပ် (၂၅၀၀)၊ ချဉ်ပေါင်ရွက်တစ်စည်းလျှင် ကျပ်(၁၀၀)၊ ကန်စွန်းရွက်တစ်စည်းလျှင် ကျပ်(၈၀-၁၀၀)၊ ကင်ပွန်းချဉ်ရွက်(၁၀)စည်းပါတစ်စည်းလျှင် ကျပ်(၂၅၀-၃၀၀)၊ မြေပဲဆံတစ်ပိဿာလျှင် ကျပ်(၆၈၀၀-၇၀၀၀)၊ သကြားတစ်ပိဿာလျှင် ကျပ်(၃၈၀၀-၄၀၀၀)နှင့် ကြက်ဥတစ်ပိဿာလျှင် ကျပ်(၆၀၀၀)၊ အသားငါးဈေးမှာ မွေးမြူရေးကြက်တစ်ပိဿာလျှင် ကျပ်(၁၂၀၀၀)၊ ကြက်သား(ဗမာ) တစ်ပိဿာလျှင် ကျပ်(၁၈၀၀၀)၊ ဝက်သားတစ်ပိဿာလျှင် ကျပ်(၁၈၀၀၀)၊ ဆိတ်သားတစ်ပိဿာလျှင် ကျပ်(၂၀၀၀၀)၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် ကျပ်(၇၅၀၀)၊ ငါးကြင်းတစ်ပိဿာလျှင် ကျပ်(၉၅၀၀-၁၀၀၀၀) စသည်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဈေးသည်များထံမှသိရှိရပါသည်။
DOCA(မကွေး)