Main menu

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ အမှတ်(၁)ဈေးကြီးတွင်ရောင်းချနေသော ကုန်စည်ဈေးနှုန်းများအခြေအနေ

Powered by Drupal

     မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ အမှတ်(၁)ဈေးကြီး၌ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ (ပထမပတ်)အတွင်း ရောင်းချနေသောကုန်စည်ဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်နေသည့်အခြေအနေများကို အောက်ပါအတိုင်း ဖော်ပြလိုက်ရပါသည်။

    အမယ်မျိုးစုံအနေဖြင့် ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ်၊ အာလူး၊ မုန်လာဥနီ၊ မုန်လာဥဖြူ၊ ရွှေဖရုံသီး၊ ဘူးသီး၊ သခွားသီး၊ ရုံးပတီသီး၊ ကြက်ဟင်းခါးသီး၊ ပဲထောင့်ရှည်၊ ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်၊ မြင်းခွာရွက်၊ မုန်ညှင်း၊ ခရမ်းသီး၊ သံပရာသီး၊ ပန်းသီး၊ နဂါးမောက်သီး၊ လိမ္မော်သီး၊ ကန်စွန်းဥ၊  ပိန်းဥများရောင်းချလျက်ရှိသည်။

   အဆိုပါကုန်စည်များ၏ ဈေးနှုန်းအခြေအနေမှာ ခရမ်းချဉ်သီးတစ်ပိဿာလျှင် ကျပ်၂၅၀၀၊ ဂေါ်ဖီထုပ်တစ်ထုပ်လျှင် ကျပ်၂၀၀၀၊ အာလူးတစ်ပိဿာလျှင် ကျပ်၂၅၀၀၊ မုန်လာဥနီတစ်ပိဿာလျှင် ကျပ်၄၀၀၀၊ ရွှေဖရုံသီးတစ်လုံးလျှင် ကျပ်၁၀၀၀၊ ဘူးသီးတစ်လုံးလျှင် ကျပ်၁၀၀၀၊ မုန်ညင်းတစ်ထုပ်လျှင် ကျပ်၁၂၀၀၊ ရုံးပတီသီးတစ်ပိဿာလျင် ကျပ်၃၀၀၀၊ ကြက်ဟင်းခါးသီးတစ်ပိဿာလျှင် ကျပ်၂၀၀၀၊ ပဲထောင့်ရှည်တစ်စည်းလျှင် ကျပ်၂၅၀၀၊ ကန်စွန်းရွက်တစ်စည်းလျှင် ကျပ်၂၀၀၊ မြင်းခွာရွက်တစ်စည်းလျှင် ကျပ်၂၀၀၊ ချဉ်ပေါင်ရွက်တစ်စည်းလျှင် ကျပ်၁၀၀၊ ခရမ်းသီးတစ်ပိဿာလျှင် ကျပ်၃၀၀၀၊ ပန်းသီးတစ်လုံးလျှင် ကျပ်(၅၀၀မှ ၁၅၀၀)၊  နဂါးမောက်သီးတစ်ကီလိုလျှင် ကျပ်၆၀၀၀၊ သံပရာသီးတစ်လုံးလျှင် ကျပ် (၂၀၀မှ ၃၅၀)၊ လိမ္မော်သီးတစ်ကီလိုလျှင် ကျပ် (၄၀၀၀မှ ၇၀၀၀)၊ ကန်စွန်းဥတစ်ပိဿာလျှင် ကျပ်၂၅၀၀၊ ပိန်းဥတစ်ပိဿာလျှင် ကျပ်၄၀၀၀ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(မွန်)