Main menu

လှိုင်လှိုင်ပေါ်နေသည့် ပြည်ပန်းဂေါ်ဖီဈေးနှုန်းဈေးကွက်

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး(အနောက်)၊ ပြည်မြို့နယ်တွင် ပန်းဂေါ်ဖီအဖြူများကို ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ တတိယပတ်မှစတင်၍ ရောင်းချနေပြီး ပြည်မြို့အနီးတဝိုက်ရှိ ကျေးရွာများ၊ မှော်ဇာ၊ ပုတီးကုန်းမြို့နယ်များတွင် ရေလောင်းစိုက်ပျိုးကြပြီး ပြည်စည်ပင်သာယာဈေးကြီးနှင့် အခြားမြို့နယ်များသို့လည်း တင်ပို့ရောင်းချကြောင်းသိရပါသည်။ နိုဝင်ဘာလ ပထမပတ်မှစတင်၍ ပန်းဂေါ်ဖီများလှိုင်လှိုင်ပေါ်လာပြီဖြစ်သောကြောင့် စားသုံးသူများအနေဖြင့် ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ကြပြီး အရောင်းအဝယ်သွက်နေကြောင်းသိရပါသည်။ ပန်းဂေါ်ဖီအပွင့်ကြီးတစ်ပွင့်လျှင် ကျပ်၁၁၀၀၊ အပွင့်သေးတစ်ပွင့်လျှင် (၄၀၀/၅၀၀)ကျပ်တို့ဖြင့် ရောင်းချကြောင်းသိရှိရပါသည်။ ထို့ကြောင့် စိုက်ပျိုးသူများအနေဖြင့်လည်း တွက်ခြေကိုက်ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)