Main menu

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပဲတီစိမ်း(‌ရွှေဝါ)စိုက်ပျိုးထုတ်လုပ်မှုနှင့် မျိုးပဲပေါက်ဈေး

Powered by Drupal

    ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောင်းပဲတီစိမ်း(ရွှေဝါ) စိုက်ဧက ၃၅၈၈၃၃ ဧက စိုက်ပျိုးခဲ့ပြီး အထွက်နှုန်းတစ်ဧကလျှင် ၁၅.၁၂ တင်းထွက်ရှိပြီး အထွက်တန်အားဖြင့် တန်ချိန် ၁၆၉၂၉၁ ကျော် ထွက်ရှိခဲ့ပါသည်။ ယခု  ၂၀၂၃-၂၀၂၄  ဆောင်းရာသီ၌ ပဲတီစိမ်း(ရွှေဝါ) ၃၆၁၃၅၇ ဧက စိုက်ပျိုးရန် လျာထားကြောင်းနှင့် ခန့်မှန်းအထွက်နှုန်း တစ်ဧကလျှင် ၁၄.၄၅ တင်း၊ အထွက်တန်အားဖြင့် တန်ချိန် ၁၆၇၀၀၀ ကျော် ထွက်ရှိမည်ဟု မျှော်မှန်းထားကြောင်း သိရှိရပါသည်။

   ရန်ကုန်တိုင်းဒေသကြီးတွင် ပဲတီစိမ်း(ရွှေဝါ) အများဆုံးစိုက်ပျိုးသော မြို့နယ်များမှာ သုံးခွ မြို့နယ်၊ ခရမ်းမြို့နယ်၊ ကျောက်တန်းမြို့နယ်နှင့် သန်လျင်မြို့နယ်တို့ဖြစ်ပြီး ယခင်နှစ် ဆောင်း ပဲတီစိမ်း(‌ရွှေဝါ)ထွက်ရှိချိန် အများဆုံးစိုက်ပျိုးသည့် သုံးခွမြို့နယ်နှင့် ခရမ်းမြို့နယ်များတွင် ပဲတီစိမ်း(ရွှေဝါ) (၇၂)ပေါင်ကိုက် တစ်တင်း၏အဖွင့်ဈေးမှာ ကျပ် ၄၅၀၀၀/- မှ ၆၀၀၀၀/- ဈေးပေါက်ခဲ့ပြီး နောက်ပိုင်းတွင် ပဲတီစိမ်း(ရွှေဝါ) တစ်တင်းလျှင် ကျပ် ၇၀၀၀၀/- ထိ အမြင့်ဆုံးဈေး ဖြစ်ပေါ်ခဲ့ကြောင်းနှင့် ဈေးကောင်းရရှိခဲ့ကြောင်း  သိရှိရပါသည်။

        ၂၀၂၃-၂၀၂၄ ခုနှစ် ဆောင်းပဲတီစိမ်း(ရွှေဝါ)များအား မြေအစိုဓာတ်အပေါ်မူတည်၍ ဒီဇင်ဘာလဆန်းခန့်မှစတင်၍ စိုက်ပျိုးတော့မည်ဖြစ်ရာ ဒေသတွင်း မျိုးပဲတီစိမ်း(ရွှေဝါ) (၇၂)ပေါင် ကိုက်၏ တစ်တင်း၏ပေါက်ဈေးမှာ (ရေဆင်းမျိုး)ကျပ် ၇၆၀၀၀/- မှ ၇၈၀၀၀/- ထိ၊ (ပဲတီရွှေဝါမျိုး)ကျပ် ၇၇၀၀၀/- မှ ၇၉၀၀၀/- ထိ၊ (သြဇီမျိုး)ကျပ် ၈၀၀၀၀/- ခန့် ပေါက်ဈေးဖြင့် ဈေးကွက်တွင် ဖြစ်ပေါ်လျက်ရှိကြောင်းနှင့် ဆောင်းပဲတီစိမ်း(ရွှေဝါ)များ ထွက်ပေါ်မည့် ကာလတွင်လည်း ဈေးကောင်းရရှိလိမ့်မည်ဟု နယ်ကုန်သည်နှင့် လယ်သမားအများစုက တွက်ဆလျက်ရှိကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(ရန်ကုန်)