Main menu

သန်လျင်မြို့နယ်ရှိ သီလဝါစက်မှုဇုန်နှင့် Wilmar ဆီကန်တို့မှ တစ်ပတ်အတွင်း စားအုန်းဆီထုတ်ပေးမှုအခြေအနေ

Powered by Drupal

   ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်ရှိ  သီလဝါစက်မှုဇုန်၊ Wilmar ဆီကန်မှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များနှင့် အခြားတိုင်းဒေသကြီး/ ပြည်နယ်များရှိ ကိုယ်စားလှယ်များအား စားအုန်းဆီများ နေ့စဉ် ထုတ်ပေးလျက်ရှိပါသည်။ ပြည်တွင်းဈေးကွက်၌ စားအုန်းဆီရောင်းဝယ်ဖောက်ကားရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ အပတ်စဉ် ထုတ်ပြန်ထားသော အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းအပေါ် လက်ကားပြန်လည်ဖြန့်ဖြူးရောင်းချသူများအနေဖြင့် ဒေသအရောက်ဈေးနှုန်းများအပေါ် (၂)ရာခိုင်နှုန်းအမြတ်ထက်မပိုသောဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူးရောင်းချစေရေးနှင့် ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းများမပြုလုပ်စေရေးတို့အတွက်လည်း ဝန်ထမ်းများက ကွင်းဆင်းကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် (၆-၁၁-၂၀၂၃)ရက်နေ့မှ (၁၁-၁၁-၂၀၂၃) ရက်နေ့အထိ ဆီကုမ္ပဏီ(၁၁)ခုမှ စားအုန်းဆီကိုယ်စားလှယ် (၁၄၆၅)ဦးတို့အား စားအုန်းဆီတန်ချိန် (၆၇၂၀.၄၅) တန်ထုတ်ပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)